DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ထိုင်း​ဝန်ကြီး​ချုပ်​တွေ့​မည်
DVB
·
December 16, 2011
ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ ထိုင်း​ဝန်ကြီး​ချုပ်​တွေ့​မည်
Donate to DVB

မြန်မာနိုင်ငံမှာ လက်ခံကျင်း​ပမယ့်​ စတုတ္ထအကြိမ် မဟာမဲ​ခေါင် ​ဒေသခွဲ ထိပ်သီး​ အစည်း​အ​ဝေး​ တက်ဖို့​ရှိတဲ့​ ထိုင်း​ဝန်ကြီး​ချုပ် ယင်လပ်ခ့်​ ရှင်နာဝပ်ဟာ မြန်မာ့​ဒီမိုက​ရေစီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံမယ်လို့​ ​သိရပါတယ်။

ထိုင်း​ဝန်ကြီး​ချုပ် ယင့်​လပ်ခ့်​ဟာ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အင်္ဂါ​နေ့​ ည​နေပိုင်း​မှာ ​တွေ့​ဖို့​ရှိတဲ့​အ​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ်ရုံး​ ​ပြောခွင့်​ရက ​ပြောပါတယ်။

ဒီသတင်း​နဲ့​ပတ်သက်လို့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က​နေ ထုတ်ပြန်တာမျိုး​ မရှိ​သေး​ပေမယ့်​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဝင် ဦး​ခွန်သာမြင့်​က​တော့​ ထိုင်း​ဝန်ကြီး​ချုပ်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံဖို့​ရှိတယ်လို့​ အတည်ပြု​ပြောပါတယ်။

ဒီအစည်း​အ​ဝေး​ကို ထိုင်း​ဝန်ကြီး​ချုပ် မစ္စယင်း​လတ် ရှင်နာဝပ်၊​ နိုင်ငံခြား​ရေး​ဝန်ကြီး​ ဆူရာ​ပေါင်နဲ့​ စွမ်း​အင်ဝန်ကြီး​တို့​လည်း​ လိုက်ပါပြီး​တော့​ ​ဒေသတွင်း​က အကြီး​အကဲ​တွေ တက်​ရောက်မှာ ဖြစ်ပါတယ်။

ထိုင်း​နိုင်ငံကို မြန်မာပြည်က တင်ပို့​နေတဲ့​ ဓာတ်​ငွေ့​ပမာဏဟာ ထိုင်း​တနိုင်ငံ စွမ်း​အင်လိုအပ်ချက်ရဲ့​ ၃၀ ရာခိုင်နှုန်း​ရှိပါတယ်။ အစည်း​အ​ဝေး​မှာ စီး​ပွား​ရေး​ဆိုင်ရာ ကိစ္စ​တွေ ​ဆွေး​နွေး​သွား​ဖွယ်ရှိပြီး​ အ​သေး​စိတ်ကို မသိရဘူး​လို့​ ထိုင်း​နိုင်ငံခြား​ရေး​ ဝန်ကြီး​ဌာနက ​ပြောခွင့်​ရသူတဦး​က ​ပြောပါတယ်။

ဆွေး​နွေး​ပွဲ တက်​ရောက်မယ့်​ ထိုင်း​အစိုး​ရ အဖွဲ့​ဝင်များ​က​တော့​ စွမ်း​အင်ကဏ္ဍ ကိစ္စရပ်များ​ကို မြန်မာနဲ့​ သီး​ခြား​ ​ဆွေး​နွေး​သွား​မယ်လို့​ ထိုင်း​နိုင်ငံထုတ် ​နေရှင်း​သတင်း​စာမှာ ​ရေး​သား​ထား​ပါတယ်။

ဒီအစည်း​အ​ဝေး​ကို ​နေပြည်​တော်က မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်း​ရှင်း​ ဗဟိုဌာန (MICC)မှာ လာမယ့်​ တနင်္လာနဲ့​ အင်္ဂါ​နေ့​တွေမှာ ကျင်း​ပပြုလုပ်မှာဖြစ်ပါတယ်။

ပို့​ဆောင်​ရေး​၊​ ဆက်သွယ်​ရေး​၊​ ရင်း​နှီး​မြှုပ်နှံမှု၊​ ခရီး​သွား​လုပ်ငန်း​၊​ စွမ်း​အင်၊​ စိုက်ပျိုး​ရေး​၊​ ကုန်သွယ်​ရေး​ စတဲ့​ကဏ္ဍ​တွေမှာ မဲ​ခေါင်မြစ်​ကြောင်း​တ​လျှောက်ရှိ နိုင်ငံ​ခြောက်နိုင်ငံက ပူး​ပေါင်း​ဆောင်ရွက်​နေပါတယ်။

ထိုင်း​ဝန်ကြီး​ချုပ်ဟာ ​အောက်တိုဘာ လဆန်း​ပိုင်း​ကလည်း​ ​နေပြည်​တော်ကို ​နေ့​ချင်း​ပြန် သွား​ရောက်ခဲ့​ပြီး​ အဲဒီတုန်း​က မြန်မာသမ္မတ ဦး​သိန်း​စိန်နဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013