DVB Logo
Home
မြန်မာသတင်း
ရွေး​ကောက်ပွဲ​ကော်မရှင် သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်
DVB
·
December 16, 2011
ရွေး​ကောက်ပွဲ​ကော်မရှင် သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်
Donate to DVB

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ရက် မ​ကြေညာနိုင်​သေး​တာဟာ အန်အယ်ဒီအပါအဝင် ပါတီသစ်​တွေ ထူ​ထောင်ခွင့်​နဲ့​ မှတ်ပုံတင်တဲ့​ကိစ္စရပ်​တွေ မပြီး​ပြတ်​သေး​တဲ့​ အချက်​ကြောင့်​ ဖြစ်တယ်လို့​ မြန်မာ့​ရွေး​ကောက်ပွဲ ​ကော်မရှင်ဥက္ကဋ္ဌ ဦး​တင်​အေး​က ​ပြောပါတယ်။

[caption id="attachment_18913" align="alignright" width="300" caption="သတင်း​စာရှင်းလင်းပွဲ ပြုလုပ်နေစဉ်"][/caption]

နေပြည်​တော်မှာ ဒီ​နေ့​ပြုလုပ်တဲ့​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ​ရွေး​ကောက်ပွဲကျင်း​ပမယ့်​ရက်ကို ​မေး​မြန်း​ခဲ့​တဲ့​ သတင်း​ထောက်တဦး​ကို ​ဖြေကြား​ရာမှာ အခုလို ​ပြောဆိုလိုက်တာပါ။

ပါတီထူ​ထောင်ခွင့်​နဲ့​ မှတ်ပုံတင်ခွင့်​ ​လျှောက်ထား​ဆဲ ပါတီဆယ်ခုရှိပြီး​ အဲ့​ဒီ ပါတီ​တွေဟာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်ကြဖို့​ ထူ​ထောင်ပြီး​ မှတ်ပုံတင်ကြတဲ့​ ပါတီ​တွေလည်း​ ဖြစ်ပါတယ်။

ဒီပါတီ​တွေကို ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်​စေလိုတဲ့​အတွက် ​ရွေး​ကောက်ပွဲ ကျင်း​ပမယ့်​ရက်ကို မ​ကြေညာနိုင်​သေး​တာလို့​ ဦး​တင်​အေး​က ​ပြောဆိုခဲ့​တဲ့​အ​ကြောင်း​၊​ သတင်း​စာရှင်း​လင်း​ပွဲ တက်​ရောက်ခဲ့​တဲ့​ ဂျာနယ်သတင်း​ထောက်တဦး​က ​ပြောပါတယ်။

သတင်း​စာရှင်း​လင်း​ပွဲတက်​ရောက်တဲ့​ သတင်း​ထောက်​တွေက ကြိုတင်မဲနဲ့​ ပတ်သက်ပြီး​ ​မေး​မြန်း​ရာမှာ ​ကော်မရှင်ဥက္ကဋ္ဌရဲ့​ ​ဖြေကြား​ခဲ့​ပုံကိုလည်း​ သူက ခုလို ​ပြောပါတယ်။

“ကြိုတင်မဲ ကိစ္စ​တွေကို ​မေး​တယ်။ ဒါ​တွေ ပွင့်​လင်း​မြင်သာဖို့​ ဘယ်လိုလုပ်မယ်၊​ အဲဒါ​တွေ​မေး​တယ်။ ​မေး​တော့​ အတိတ်ကကိစ္စ​တွေကို ထား​လိုက်ပါ​တော့​၊​ အဲဒီအတိတ်ကဟာကို သင်ခန်း​စာယူပြီး​တော့​ သူတို့​အ​နေနဲ့​ လွတ်လပ်ပြီး​ တရား​မျှတတဲ့​ ​ရွေး​ကောက်ပွဲ ဖြစ်​အောင် လုပ်မယ်​ပေါ့​။ ကြိုတင်မဲကို ဘယ်လိုပုံစံနဲ့​ ​ပေး​ရမယ် ဆိုတာကို အ​သေး​စိတ် ထပ်ပြီး​တော့​ မီဒီယာကို ရှင်း​တယ်။ ဒါ​ပေမယ့်​ ကျမတို့​ကလည်း​ ကြိုတင်မဲကို ကြိုပြီး​ ​ရေတွက်ထား​တာမျိုး​၊​ ကြိုတင်မဲ ဘယ်နှမဲရှိတယ် ဆိုတာကို ကြို​ပြောထား​တာမျိုး​ အဲဒါ​တွေကို​မေး​တာ​တော့​ ​ဖြေမသွား​ပါဘူး​။”

ရွေး​ကောက်ပွဲ ကျင်း​ပတဲ့​အခါ နိုင်ငံတကာ သတင်း​ဌာန​တွေ သတင်း​ရယူခွင့်​ကို ​ရွေး​ကောက်ပွဲ​ကော်မရှင်အ​နေနဲ့​ ခွင့်​ပြုတဲ့​အ​ကြောင်း​၊​ ဒါ​ပေမယ့်​ ဒီကိစ္စ​တွေကို ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက ​ဆောင်ရွက်မှာ ဖြစ်တယ်လို့​လည်း​ ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ပတ်သက်ပြီး​ ​ကော်မရှင်ရဲ့​ သ​ဘောထား​ ​ပြောကြား​သွား​ပုံကိုလည်း​ သူက ခုလို ​ပြောပြပါတယ်။

“​ဒေါ်​အောင်ဆန်း​စုကြည်ကို ​ရွေး​ကောက်ပွဲ ​ကော်မရှင် ဥက္ကဋ္ဌ တ​ယောက်အ​နေနဲ့​ ​ပြောရမယ်ဆိုရင် သူကြိုဆိုပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က နိုင်ငံ​တော်​ကောင်း​ဖို့​ လုပ်မယ်လို့​ ​ပြောထား​တဲ့​ စကား​ကို သူတို့​ယုံကြည်လို့​၊​ အဲဒီစကား​ကို ယုံတဲ့​အတွက် နိုင်ငံ​တော်ကို ​ကောင်း​ဖို့​လုပ်မယ့်​ ပုဂ္ဂိုလ်တ​ယောက်ကို ဘာလို့​မကြိုဆိုရမှာလည်း​တဲ့​။ ဒါ​ပေမယ့်​ ကိုယ်စား​လှယ် တ​ယောက်အ​နေနဲ့​က​တော့​ လဝကတို့​ ပြည်ထဲ​ရေး​တို့​က​နေပြီး​တော့​ သူတို့​စစ်​ဆေး​ဦး​မှာ​ပေါ့​။ ကိုယ်စား​လှယ် ဖြစ်ဖို့​က​တော့​ ဥပ​ဒေနဲ့​ညီ မညီဆိုတာကို စစ်​ဆေး​မယ်။ သူတို့​ရွေး​ကောက်ပွဲ ​ကော်မရှင်အ​နေနဲ့​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ကိုယ်စား​လှယ်အဖြစ် လက်ခံတယ်။ ဒါ​ပေမယ့်​ ပြည်ထဲ​ရေး​နဲ့​ လဝက က လက်ခံ၊​ မခံ မသိ​သေး​ဘူး​။”

မြန်မာ့​ရွေး​ကောက်ပွဲ ​ကော်မရှင်ကို သမ္မတ ဦး​သိန်း​စိန်အစိုး​ရ လက်ထက်မှာ ပြန်လည် ဖွဲ့​စည်း​ပေး​ခဲ့​တာ ဖြစ်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲလုပ်တာ ပထမဆုံး​ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013