DVB Logo
Home
သတင်းမီဒီယာ
လွတ်လပ်​သော ကဗျာဆရာများ​အသင်း​ကို မှတ်ပုံတင်​တော့​မည်
DVB
·
December 16, 2011
Donate to DVB

နှစ်​ပေါင်း​ ၅၀ အတွင်း​ ပထမဆုံး​ လွတ်လပ်တဲ့​ ကဗျာဆရာများ​အသင်း​ကို မကြာခင်က ဖွဲ့​စည်း​ထား​ပြီး​ ဒီလမကုန်ခင် တရား​ဝင်မှတ်ပုံတင် ​လျှောက်ထား​မယ်လို့​ မြန်မာနိုင်ငံ ကဗျာဆရာများ​အသင်း​ ​ပေါ်​ပေါက်​ရေး​ ကြိုး​ပမ်း​နေတဲ့​ ကဗျာဆရာ ​မောင်စိမ်း​နီက ​ပြောပါတယ်။

၁၉၆၀ တဝိုက်အထိ ရှိခဲ့​ဖူး​တဲ့​ ကဗျာဆရာများ​သမဂ္ဂကို ပြန်လည်​ဖော်ထုတ်ဖို့​ ရည်ရွယ်တာလို့​ ပိ​တောက်ပွင့်​သစ်မဂ္ဂဇင်း​ရဲ့​ အယ်ဒီတာ ဆရာ​မောင်စိမ်း​နီက ဆိုပါတယ်။

“အချိန်အခါအရ​ရော၊​ ကာလ​ဒေသအရ​ရော ကဗျာဆရာ​တွေအနနဲ့​ မြန်မာနိုင်ငံ ကဗျာဆရာအသင်း​ ဆိုတာရှိသင့်​တဲ့​ အချိန်​ရောက်ပြီ​ပေါ့​။ ရှိလည်း​ရှိသင့်​တယ်​လေ။ အခု ဒီအဖွဲ့​ကိုလည်း​ ကျ​နော်တို့​ ​မောင်း​ထုပြီး​ ​ကြေညာတာပါ။ လူစုတာ​ပေါ့​။ ကျ​နော်တို့​က အသိ​ပေး​တယ်။ လူငယ်​တွေကို ​ပေး​ခဲ့​ချင်တာပါ။ ကျ​နော်တို့​က အိုလည်း​ အိုပါပြီ။”

လော​လောဆယ် ဖြစ်​မြောက်​ရေး​ကော်မတီ ၂၇ ဦး​ထဲမှာ နာယက​တွေအဖြစ် ကဗျာဆရာကြီး​ ဒဂုန်တာရာ၊​ ဦး​အံ့​မောင်၊​ ​မောင်သင်း​ခိုင်၊​ ​မောင်​အောင်ပွင့်​၊​ ​မောင်လင်း​ယုန် (ရှမ်း​ပြည်) တို့​ ပါဝင်ပြီး​ အခြား​ကော်မတီဝင်​တွေထဲမှာ သစ္စာနီ၊​ စည်သူငြိမ်း​၊​ ​ဇေယျာလင်း​၊​ မိုဃ်း​ဇော် စတဲ့​ ​ခေတ်​ပေါ် ကဗျာဆရာ​တွေလည်း​ ပါဝင်ပါတယ်။

မြန်မာနိုင်ငံ ကဗျာဆရာအသင်း​ကို တရား​ဝင်ဖွဲ့​စည်း​ပြီး​ရင် မြန်မာနိုင်ငံကဗျာ ဆရာအသင်း​က ​ပေး​အပ်တဲ့​ ကဗျာ ဆုတဆု ​ပေါ်​ပေါက်ဖို့​ ကြိုး​ပမ်း​သွား​မယ်လို့​ ဆရာ​မောင်စိမ်း​နီက ​ပြောပါတယ်။

“ဒါ ကဗျာ​လောက တိုး​တက်​ရေး​ပေါ့​။ ကဗျာ​လောက ဖွံ့​ဖြိုး​တိုး​တက်​အောင်​ပေါ့​။ မြန်မာနိုင်ငံ ကဗျာဆရာအသင်း​က​နေ ​ပေး​မယ့်​ ဆုတခု ရှိမယ်။ အဲ့​ဒါဖြစ်​အောင်လုပ်မယ်။ ကျ​နော်တို့​က ဆန္ဒတူညီသူ​တွေ ပြည်သူ့​အ​ရေး​ကိစ္စများ​မှာ ပြည်သူ​တွေနဲ့​အတူ ပါဝင်ပတ်သက်မယ်​ပေါ့​။ ကဗျာဆရာများ​ရဲ့​ ကျန်း​မာ​ရေး​၊​ လူမှု​ရေး​ ကိစ္စ​တွေမှာ ပူး​ပေါင်း​ဆောင်ရွက်​ရေး​ပေါ့​။”

မြန်မာနိုင်ငံမှာ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီ​ခေတ် ၁၉၆၂ ခု မတိုင်ခင်အထိ ကဗျာဆရာသမဂ္ဂနှင့်​ အသင်း​အပင်း​တွေ အ​မြောက်အမြား​ပေါ်​ပေါက် တရား​ဝင်တည်ရှိခဲ့​ပြီး​ မဆလ ​ခေတ်မှာ ​ပျောက်ကွယ်ခဲ့​ပါတယ်။

၁၉၈၈ လူထုအ​ရေး​တော်ပုံကာလမှာ ကဗျာဆရာများ​သမဂ္ဂ ခဏ​ပေါ်​ပေါက်ပြီး​ စစ်တပ်ကအာဏာသိမ်း​တဲ့​ အချိန်ကစပြီး​ ပြန်လည်​ပျောက်ကွယ်သွား​ပါတယ်။

လက်ရှိ မြန်မာပြည်မှာ စာ​ပေဆိုင်ရာ အကြီး​ဆုံး​ အဖွဲ့​အစည်း​တခုက​တော့​ ပြန်ကြား​ရေး​ ဝန်ကြီး​ဌာနက ကမကထလုပ်ပြီး​ ဖွဲ့​စည်း​ပေး​ထား​တဲ့​ မြန်မာနိုင်ငံ စာ​ပေနှင့်​ စာနယ်ဇင်း​အသင်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013