ဒရုန်းလေယာဉ်၏ ခြိမ်းခြောက်တိုက်ခိုက်မှုများကို ကာကွယ်ပေးမည့် လင်းယုန် (ရုပ်သံ)

ပြင်သစ်နိုင်ငံ အနောက်တောင်ဘက် မောင့်ဒီမာဆန်မှာ အခြေပြုတဲ့ ပြင်သစ်လေတပ်ရဲ့ စစ်လေ့ကျင့်ခန်းတခုမှာ ရွှေရောင်လင်းယုန်တစ်ကောင်ကို ပျံသန်းနေတဲ့ မောင်းသူမဲ့ယာဉ်ငယ် (Drone)  တစ်ခုအား ဖမ်းဆီးမှု လေ့ကျင့်ခိုင်းနေတာကို ရိုက်တာသတင်းဌာနရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။ ရုရှ စစ်လေယာဉ်က စလို့ ပေါ့ပါးတဲ့ မောင်းသူမဲ့ယာဉ်ငယ် (Drone) တွေရဲ့ ခြိမ်းခြောက်မှုတွေကို အနီးကပ် ရင်ဆိုင်ဖို့ ပြင်သစ်လေတပ်က ရှေ့ပိုင်းစစ်မျက်နှာပြင် ၂ ခုနဲ့ အသင့်ပြင်ဆင်ထားတယ်လို့ သိရကြောင်း ရိုက်တာကို ကိုးကားပြီး ချန်နယ်နယူးစ်အေးရှားရဲ့ အင်တာနက်သတင်းစာမျက်နှာပေါ်ရှိ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့သတင်းမှာ ဖော်ပြပါတယ်။ ဆီးရီးယားနဲ့ ယူကရိန်း ပဋိပက္ခတွေနဲ့စပ်လျဉ်းပြီး ရုရှနိုင်ငံနဲ့ အနောက်ဥရောပတို့အကြား တင်းမာမှုဖြစ်နေစဉ် ကာလတစ်ခုဖြစ်တဲ့ ၂ နှစ်ကျော်အချိန်ကာလအတွင်း ပြင်သစ် ကမ်းရိုးတန်းမှာ ရုရှားတိုက်ခတ်သူတွေ ပြန်လည်ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတာ ၄ ကြိမ်ရှိသွားပြီလို့ ပြင်သစ်အာဏာပိုင်တွေက ပြောလိုက်ပါတယ်။ ပြင်သစ်အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ ရုရှဘက်က ဗုံးကြဲလေယာဉ်တွေဟာ အကြိမ်တိုင်းမှာ မတူတဲ့လမ်းကြောင်းတွေက လာတယ်၊ စိန့်ပီတာစဘာ့ဂ်မြို့မှ ကျယ်ကျယ်ပြန့်ကြီး စက်ဝိုင်းပုံသဏ္ဌာန် ပျံသန်းပြီး ဆီးရီးယား ဂီဘရယ်လ် အနောက်အိုင်ယာလန် စကင်ဒီနေးဗီးယား စတဲ့နေရာတွေကတစ်ဆင့်လာတယ် အဲ့ဒီနောက် ကက်စပီရန်ပင်လယ်ကိုဖြတ်ပြီး ရုရှကို ပြန်တယ်။ အမြန်ဆုံးနည်းနဲ့ ပြန်လည် တိုက်ခိုက်တုံ့ပြန်နိုင်ဖို့ ပြင်သစ်ဖက်ကလည်း ၂၄ နာရီလုံး ဟယ်လီကော်ပတာ ၅ စင်း တိုက်လေယာဉ် ၈ စင်း အဆင့်သင့်ထားထားရတယ်လို့ သိရပါတယ်။ ၂၀၁၅ ခုနှစ် ပါရီမြို့မှာ တိုက်ခိုက်ခံရပြီးကတည်းက ပြင်သစ်က နိုင်ငံအတွင်း လုံခြုံရေး တိုးမြှင့်ထားသလို တစ်ချိန်တည်းမှာပဲ သူ့လေကြောင်းပိုင်နက်အတွင်း မောင်းသူမဲ့ယာဉ် (Drone) တွေ ပုဂ္ဂလိကပိုင်လေယာဉ်တွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ပြင်သစ်လေတပ်က ပုံမှန်စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ “ရည်ရွယ်ချက်ကတော့ စောင့်ကြည့်ကွန်ရက်တစ်ခုကို ဖန်တီးထားတာပါ။ ဒါကြောင့် ပြင်သစ်ပိုင်နက်ထဲကို ဘယ်တိုက်ခိုက်မဲ့လေယာဉ်မှ မဝင်နိုင်တော့ပါဘူး ဒါမှမဟုတ် အမှတ်အသားမဖေါ်ပြပဲ ချည်းကပ်လာတာမျိုးတွေနဲ့ သူတို့ရဲ့အနေအထားတွေကို စစ်ဆေးနိုင်မယ်” လို့ သူ့ရဲ့မျိုးရိုးအမည် မဖေါ်ပြနိုင်တဲ့ ကပ္ပတိန်တစ်ဦးဖြစ်တဲ့ ရန်နစ်က ပြောပါတယ်။ လက်တစ်လော သတင်းထုတ်ပြန်မှုတွေအရ အီရက်နဲ့ ဆီးရီးယားနိုင်ငံတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) တွေက မောင်းသူမဲ့ယာဉ် (Drone) တွေကို သုံးနေတယ်ဆိုတဲ့ အမည်မသိယာဉ်တွေရဲ့ ခြိမ်းခြောက်ခံရမှုက တိုးမြှင့်နေတာပါ။ ပြင်သစ်ဘက်က ဒီခြိမ်းခြောက်မှုတွေအတွက် မောင်းသူမဲ့ယာဉ် (Drone) တွေကို ပြန်လှန်တိုက်ခိုက်နိုင်ဖို့ အတားအဆီးကိရိယာတွေနဲ့ အထူးသဖြင့် အသေအချာလေ့ကျင့်ပေးထားတဲ့ ရွှေလင်းယုန် ၄ ကောင်တပ်ဖွဲ့ကို သုံးဖို့ အဆင့်ဖြစ်နေတယ်လို့ ပြင်သစ်ဘက်က ပြောလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up