မြောက်ကိုရီးယား နျူကလီးယားဒုံးလက်နက် စမ်းသပ်မှု တောင်ကိုရီးယား အပြင်းထန် ရှုတ်ချ

မြောက်ကိုရီးယားရဲ့ နျူးကလီးယားဒုံးလက်နက် စမ်းသပ်မှုအပေါ် တောင်ကိုရီးယားက ချက်ချင်းပစ်တင်ဝေဖန်လိုက်ပြီး ဒါဟာ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် CHO JUNE-HYUCK က “ဒီနှစ်ထဲမှာပဲ အလွန်မြန်တဲ့ တာဝေးပစ်ဒုံးလက်နက်စမ်းသပ်ခဲ့ပါတယ်။ ဒါဟာ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို သိသိသာသာ ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တာကြောင့် တောင်ကိုရီးယားအစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းတခုလုံးနဲ့ ကိုရီးယားကျွန်းဆွယ် လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်တာ” လို့ ပြောကြားသွားပါတယ်။ “ဒီလို အကြိမ်ကြိမ်ခြိမ်းခြောက် နေတာဟာ ကင်ဂျုံအွန်း စစ်အစိုးရရဲ့ အဓိပ္ပာယ်မဲ့တဲ့ ကျိုးကြေင်းမဆီလျော်တဲ့ လုပ်ရပ်ဖြစ်တယ်” လို့လည်း ဆက်ပြောသွားပါတယ်။ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယားဟာ ဒေသ စံတော်ချိန် ဖေဖေါ်ဝါရီ ၁၂ ရက် မနက် ၈ နာရီမတိုင်ခင်က နိုင်ငံအနော်ဘက်ခြမ်းရှိ ပန်ယွန်းဒေသကနေ တာဝေးပစ်ဒုံးလက်နက်ကို ပစ်လွှတ်ခဲ့ပြီး အဲဒီ လက်နက်ဟာ မိုင်ပေါင်း ၃၀၀ အကွာထိ ရောက်ရှိခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up