DVB Logo
Home
မြန်မာသတင်း
သတ္တိရှိရှိ၊ ယုံကြည်မှုရှိရှိဖြင့် လက်မှတ်ထိုးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
February 12, 2017
သတ္တိရှိရှိ၊ ယုံကြည်မှုရှိရှိဖြင့် လက်မှတ်ထိုးကြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
1 / 14
Donate to DVB

အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့အနေနဲ့ သတ္တိရှိရှိ ယုံကြည်မှုရှိရှိနဲ့ လက်မှတ်ထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်၊ ပင်လုံမြို့မှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကို အထူးပဲမေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ လက်မှတ်ထိုးလိုက်ပါ။ ကျမတို့ရဲ့ ၂၁ ရာစုပင်လုံထဲမှာ ပါဝင်လိုက်ကြပါ။ ကျမတို့ အားလုံးဟာ ပြည်သူပြည်သားအားလုံးဟာ ဒီပါဝင်မှုကြောင့် ဘယ်လောက် နှလုံးစိတ်ဝမ်းအေးချမ်းကြမလဲ၊ ဘယ်လောက်ကျေးဇူးတင်ကြမလဲ၊ ဘယ်လောက် ပီတိဖြစ်ကြမလဲဆိုတာကို စဉ်းစားကြပါ။”

နိုင်ငံတော်အဆင့်ပြုလုပ်တဲ့ ပင်လုံပြည်ထောင်စုနေ့အခမ်းအနားကို ပင်လုံစာချုပ်လက်မှတ်ထိုးတုန်းက ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားကိုယ်စားလှယ်များရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ရှမ်းပြည်တွင်း အခြေစိုက်တဲ့ အာစီအက်စ်အက်စ် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပအို့တပ်ဖွဲ့တို့က ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ပရိသတ် ၁၆၀၀ ကျော် တက်ရောက်ခဲ့တာပါ။

ပြည်ထောင်စုနေ့အခမ်းအနား အစီအစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ၁၂ ဦးတို့ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းကို ထည့်သွင်းပြုလုပ်ခဲ့ပြီး ၁ နာရီခွဲလောင်ကြာတဲ့ စကားဝိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကိုကိုယ် ယုံကြည်မှုထားပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ ထပ်မံတိုက်တွန်း ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ကြည့်ပြီးမှ မကျေနပ်ရင်လည်း ထွက်သွားပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး ပြောကြားသွားပါတယ်။

“ပါလို့ရအောင် လုပ်ပေးပါဆို ကျမတို့ လုပ်ပေးနေပါတယ်။ ကျမတို့ဟာ လုံးဝ ဆွေးနွေးပွဲတံခါးကို မပိတ်ပါဘူး၊ ခုထက်ထိ တချိန်လုံးပဲ အန်စီအေကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ရော၊ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ရော ဆက်တိုက်ဆက်တိုက် ဆွေးနွေးနေပါတယ်။ ကျမတို့က ဆွေးနွေးညှိနှိုင်းခြင်းကို လုံးဝအယုံအကြည် ရှိပါတယ်။ ဒီနည်းနဲ့သာလျင် ကျမတို့ကြားမှာ ရင်ကြားစေ့နိုင်မယ်၊ ဒီနည်းနဲ့သာလျင် ကျမတို့ ညီညွတ်မှု ရနိုင်မယ်ဆိုတာ ကျမတို့ လုံးဝ လုံးဝ လက်ခံထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ကျမတို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတခု ထူထောင်ဖို့ ဆိုလို့ရှိရင် ကျမတို့ရဲ့ တိုင်းရင်းသားများဟာ ဒီ ညီလာခံထဲကို ပါဝင်လာရမယ်၊ ညီလာခံမှာ ကျမတို့ ဆွေးနွေးမယ်၊ ညီလာခံမှာ ဆွေးနွေးပြီးတော့ ဘယ်လို ပြည်ထောင်စုတခု ထူထောင်မလဲ ဆိုတာ အဲ့ဒါတွေကို ကျမတို့ သဘောတူညီမှု ယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမက ဘာဖြစ်လို့ ဒီ ညီလာခံမှာ မပါဝင်နိုင်ရတာလည်း၊ သတ္တိရှိရှိနဲ့ ပါဝင်လိုက်ပါ၊ ဆွေးနွေးလိုက်ပါ၊ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ညီလာခံထဲ ၀င်ဆွေးနွေး၊ မကျေနပ်လည်း ထွက်သွားပေါ့။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013