A d v e r t i s e m e n t With Us

အင်မတန်အ​ရေး​ကြီး​တဲ့​ ​ခြေလှမ်း​တခုကိုစပြီ (ကိုညိုအုန်း​မြင့်​နှင့်​မေး​မြန်း​ချက်)

ဦးညိုအုန်း​ြမင့်​
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့​သမ္မတနိုင်ငံ သံအမတ်ကြီး​တို့​ ဒီက​နေ့​ ​တွေ့​ဆုံခဲ့​ကြပါတယ်။ ဒါဟာ မြန်မာအတိုက်ခံ ​ခေါင်း​ဆောင်နဲ့​ တရုတ် အဆင့်​မြင့်​အရာရှိတို့​ ပထမဦး​ဆုံး​အကြိမ် ​တွေ့​ဆုံမှု ဖြစ်ပါတယ်။` တရုတ် နိုင်ငံခြား​ရေး​ဝန်ကြီး​ဌာန ​ပြောခွင့်​ရသူက​တော့​ ဒီလို ​တွေ့​ဆုံတာဟာ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က ​တောင်း​ဆိုခဲ့​တာ​ကြောင့်​ ဖြစ်တယ်လို့​ ​ပြောပါတယ်။ ဘယ်မှာ ​တွေ့​ဆုံလဲဆိုတာကိုလည်း ​ပြောမသွား​ပါဘူး​။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တရုတ် သံအမတ်တို့​ ​တွေ့​ဆုံမှုကို အတည်ပြု ​ပြောဆို​ပေမယ့်​ အ​သေး​စိတ်ထုတ်​ဖော်​ပြောဆိုတာခြင်း​ မရှိပါဘူး​။ [caption id="attachment_18901" align="alignright" width="300" caption="ကိုညိုအုန်းမြင့်​"][/caption] အခုလို ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တရုတ်သံအမတ်တို့​ ​တွေ့​ဆုံတာဟာ မြန်မာ ဒီမိုက​ရေစီ အ​ပြောင်း​အလဲအတွက် တွန်း​အား​တခု ဖြစ်လာနိုင်ပါသလား​ဆိုတာ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် လွတ်​မြောက်နယ်​မြေ နိုင်ငံခြား​ရေး​တာဝန်ခံ ကိုညိုအုန်း​မြင့်​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ အခုလို တရုတ်သံအမတ်နဲ့​ ​တွေ့​တာ ဘယ်လို အ​ကြောင်း​ကြောင့်​လို့​ ဖြစ်နိုင်လဲ။ “အဓိကက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ ကျ​နော်တို့​ ဒီမိုက​ရေစီအင်အား​စု​တွေက ဒီတရုတ်ပြည်အ​ပေါ်မှာ သ​ဘောထား​ကို တချိန်လုံး​ ဒီ​ရေဒီယို​တွေ​ရော၊​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ​တွေမှာပါ ထုတ်​ပြော​လေ့​ရှိပါတယ်။ အခုဟာက ထူး​ခြား​တာက​တော့​ အခု တရုတ်ဝန်ကြီး​ချုပ် ဝမ်း​ကြား​ပေါင် ဗမာပြည်ကို မဲ​ခေါင်မြစ်ဝှမ်း​ဒေသ အစည်း​အ​ဝေး​ကို တက်မယ့်​အချိန်နဲ့​လည်း​ တိုက်ဆိုင်​နေတာကို ​တွေ့​ရပါတယ်။ အဓိကက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ တရုတ်သံအမတ် က​နေတဆင့်​ တရုတ်​ခေါင်း​ဆောင်​တွေကို ဗမာပြည်မှာ ဒီမိုက​ရေစီ ဖွံ့​ဖြိုး​မှုက တရုတ်ပြည်အတွက် အန္တရာယ်မရှိနိုင်ဘူး​ဆိုတဲ့​အချက်ကို အဓိက ​ပေး​ချင်တဲ့​ သတင်း​စကား​ ဖြစ်မယ်လို့​ ကျ​နော်ထင်ပါတယ်။” ဒေါ်​အောင်ဆန်း​စုကြည် အရင် တရုတ်နဲ့​ ပတ်သက်ပြီး​ ​ပြောခဲ့​ဖူး​တာ​တွေက​တော့​ အိမ်နီး​ချင်း​ တိုင်း​ပြည်ဖြစ်တဲ့​အတွက်​ကြောင့်​ တရုတ်နဲ့​ဆက်ဆံ​ရေး​ ​ကောင်း​မွန်ဖို့​လည်း​ သူ လိုလား​ပါတယ်ဆိုတာမျိုး​လည်း​ ထုတ်​ပြောတယ်။ ဒါ​ပေမယ့်​ တဖက်က တရုတ်​ခေါင်း​ဆောင်​တွေက​တော့​ ပြန်ပြီး​တော့​ အရိပ်အ​ရောင်​လေး​တောင် ​ပြောတာဆိုတာ မ​တွေ့​ရဘူး​။ အခုလို ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တရုတ်သံအမတ်နဲ့​ ​တွေ့​တယ်ဆို​တော့​ တရုတ်ဘက်က​ရော ဒီမိုက​ရေစီအင်အား​စု​တွေအ​ပေါ် အထူး​သဖြင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ အန်အယ်လ်ဒီကို​ပေါ့​နော် သ​ဘောထား​ ဘယ်လိုရှိလဲ။ “အဓိကက​တော့​ တရုတ်အစိုး​ရရဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲမတိုင်ခင်အထိက ပြီး​ခဲ့​တဲ့​ နအဖ အစိုး​ရနဲ့​ပဲ ထိ​တွေ့​ဆက်ဆံသွား​မယ်ဆိုတဲ့​ သ​ဘောမျိုး​ကို ကျ​နော်တို့​ ​တွေ့​ရပါတယ်။ ဒါ​ပေမယ့်​လည်း​ အခုဒီအချိန်မှာ တရုတ်သံအမတ်ကြီး​ ကိုယ်တိုင်က ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံဖို့​ သ​ဘောတူခြင်း​က ဗမာပြည်အ​ပေါ်မှာ ထား​တဲ့​ တရုတ်နိုင်ငံခြား​ရေး​မူဝါဒ ​ပြောင်း​လဲတယ်လို့​ ကျ​နော် ထင်ပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ တရုတ်အစိုး​ရရဲ့​ တချိန်တုန်း​က တဖက်သတ် နအဖ အ​ပေါ်မှာ ​ထောက်ခံခဲ့​တဲ့​ အစဉ်အလာ ရှိပါတယ်။ ဒါ​ပေမယ့်​ ၂၀၁၀ ​ရွေး​ကောက်ပွဲ အပြီး​မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်လို အမျိုး​သား​ခေါင်း​ဆောင် တဦး​အ​ပေါ်မှာ တရုတ်အစိုး​ရ အ​နေနဲ့​လည်း​ ထိ​တွေ့​ဆက်ဆံရမယ်ဆိုတာကို နား​လည်ပါတယ်။ ဒီအ​ပေါ်မှာလည်း​ ကျ​နော်တို့​ တချိန်လုံး​ ကြိုး​စား​ခဲ့​ပေမယ့်​ နိုင်ငံ​ရေး​ရဲ့​ အ​နေအထား​ ​ပြောင်း​လဲမှုနဲ့​ ပထဝီ နိုင်ငံ​ရေး​အ​နေအထား​ ​ပြောင်း​လဲမှု အတွက်​ကြောင့်​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ဒီလို တရုတ်အစိုး​ရ သံအမတ်နဲ့​ ​တွေ့​ခြင်း​ ဖြစ်တယ်လို့​ ကျ​နော်ထင်ပါတယ်။” သိပ်မကြာ​သေး​ခင်ကပဲ အ​မေရိကန်-မြန်မာအထူး​သံကလည်း​ တရုတ်ကိုသွား​ပြီး​တော့​ မြန်မာပြည်နဲ့​ သူတို့​ ဆက်ဆံ​ရေး​ကို ချပြခဲ့​တယ်လို့​ သိရပါတယ်။ အဲဒီအကျိုး​ဆက်​တွေနဲ့​ အခုတရုတ်သံအမတ်​တွေ့​တာ​တွေနဲ့​ ​ပေါင်း​လိုက်ရင် တရုတ်အ​နေနဲ့​က ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​ဆောင်တဲ့​ ဒီမိုက​ရေစီ အင်အား​စု​တွေကို ပိုပြီး​တော့​ သိသိသာသာ​ပေါ့​ ​ထောက်ခံအား​ပေး​လာမယ့်​ လက္ခဏာများ​ ​တွေ့​ရလား​ဗျ။ “ကျ​နော့်​အမြင့်​က​တော့​ အ​ပေါင်း​လက္ခဏာများ​တယ်လို့​ ထင်ပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ တိုင်း​ရင်း​သား​တွေနဲ့​ ကချင်​ဒေသမှာ ဖြစ်ပွား​ခဲ့​တဲ့​ ဇူလိုင်လ​လောက်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အိပ်ဖွင့်​ပေး​စာ အ​ပေါ်မှာလည်း​ တရုတ်အစိုး​ရက အများ​ကြီး​ ​ကျေနပ်တယ်ဆိုတာကို ကျ​နော်တို့​ သိရပါတယ်။ အဲဒီစာအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အပြုသ​ဘော ​ဆောင်တဲ့​ အမျိုး​သား​ရင်ကြား​စေ့​ရေး​အ​ပေါ်မှာလည်း​ တရုတ်အစိုး​ရက​နေပြီး​တော့​ ​ပြောင်​ပြောင်တင်း​တင်း​ မဟုတ်ရင်​တောင်မှ တဖက်တလမ်း​က​နေပြီး​တော့​ အကူအညီ​ပေး​နေတယ်လို့​ ကျ​နော်တို့​ ယုံကြည်ရပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ တရုတ်အစိုး​ရအ​နေနဲ့​ ဘယ်အစိုး​ရပဲ တက်တက်၊​ ဘယ်သူပဲ ​ခေါင်း​ဆောင် ​ခေါင်း​ဆောင် တရုတ်အစိုး​ရအ​နေနဲ့​ ဗမာပြည်မှာ ​ဆွေမျိုး​ပေါက်​ဖော် ချစ်ကြည်​ရေး​လို့​ သူတို့​ခေါ်တဲ့​ ဗမာပြည်အ​ပေါ်မှာ ပိုပြီး​တော့​ လွှမ်း​မိုး​နိုင်တဲ့​ နိုင်ငံခြား​ရေး​မူဝါဒကို သူတို့​ ထား​ရှိဖို့​ လိုအပ်ပါတယ်။ ဒါ​ကြောင့်​ ရှင်း​ရှင်း​ပြောရရင် သမ္မတကြီး​ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံပြီး​တဲ့​အချိန်မှာ တရုတ်အစိုး​ရအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ကို ​တွေ့​ဆုံဖို့​အတွက် တရုတ်ပြည်ရဲ့​ ကိုယ်စား​ပေါ့​နော် သံအမတ်ဆိုတာ တိုင်း​ပြည်ရဲ့​ ကိုယ်စား​ပြုပုဂ္ဂိုလ် တဦး​ ဖြစ်ပါတယ်။ ဒီအတွက်​ကြောင့်​ ဒါဟာ အင်မတန်မှ အ​ရေး​ကြီး​တဲ့​ ​ခြေလှမ်း​တခုကို သူတို့​ စပြီလို့​ ကျ​နော်ထင်ပါတယ်။”

A d v e r t i s e m e n t With Us

More News
Up