DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဘိန်း​စိုက်ပျိုး​ထုတ်လုပ်မှု မြင့်​တက်
DVB
·
December 15, 2011
မြန်မာနိုင်ငံတွင် ဘိန်း​စိုက်ပျိုး​ထုတ်လုပ်မှု မြင့်​တက်
Donate to DVB

၂၀၁၁ ခုနှစ်အတွင်း​ မြန်မာနိုင်ငံရဲ့​ ဘိန်း​စိုက်ပျိုး​ ထုတ်လုပ်မှု ပိုများ​လာတယ်လို့​ ဒီက​နေ့​ထုတ်ပြန်တဲ့​ ကုလသမဂ္ဂရဲ့​ အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။

၂၀၀၇ ခုနှစ်က စတင်ပြီး​တော့​ များ​ပြား​လာတဲ့​ ဘိန်း​စိုက်ပျိုး​နှုန်း​က ၂၀၁၁ မှာ အရင်ကထက် ၅ ရာခိုင်နှုန်း​ မြင့်​တက်ခဲ့​တယ်လို့​လည်း​ ကုလသမဂ္ဂ မူး​ယစ်​ဆေး​ဝါး​နဲ့​ ရာဇဝတ်မှုဆိုင်ရာရုံး​က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ယခင်နှစ်က ဘိန်း​တန် ၆၄၀ ထွက်ရှိ​နေရာက အခုနှစ်မှာ တန် ၆၇၀ အထိ တိုး​မြင့်​လာခဲ့​ပြီး​ ဘိန်း​ ၁ ကီလိုဂရမ်ဟာ ပျမ်း​မျှ ၃၀၅ ​ဒေါ်လာနှုန်း​ ​ဈေး​ပေါက်​နေရာက​နေ အခုနှစ်မှာ​တော့​ ​ဒေါ်လာ ၄၅၀ ​ဈေး​တက်သွား​တဲ့​ အတွက် ၄၈ ရာခိုင်နှုန်း​ ​ဈေး​မြင့်​တက်ခဲ့​တယ်လို့​လည်း​ အစီရင်ခံစာက ဆိုပါတယ်။

ရှမ်း​ပြည် မူး​ယစ်​ဆေး​ဝါး​ ​လေ့​လာ​စောင့်​ကြည့်​နေတဲ့​ ရှမ်း​သံ​တော်ဆင့်​ သတင်း​ဌာန အယ်ဒီတာ ဦး​ခွန်စိုင်း​က “ကျ​နော်တို့​ သတင်း​အရဆိုရင်​တော့​ နှစ်တိုင်း​နှစ်တိုင်း​ စိုက်ပျိုး​မှုက ပိုများ​လာတာပဲ၊​ ပြီး​ခဲ့​တဲ့​ ၂၀၁၀-၂၀၁၁ ရာသီမှာ​တော့​ ပိုစိုက်ရုံတင်မကဘူး​။ ပိုထွက်လာတယ်​ပေါ့​။ ပြီး​ခဲ့​တဲ့​နှစ်က ရာသီဥတုက ဘိန်း​ထုတ်လုပ်မှုကို ​တော်​တော်​လေး​ အ​ထောက်အကူပြုတယ်။

“တခုက​တော့​ နိုင်ငံ​ရေး​ မတည်ငြိမ်မှု​ပေါ့​နော်၊​ နံပါတ်နှစ်က မူး​ယစ်​ဆေး​ဝါး​ကို အစိုး​ရက​နေပြီး​တော့​ လက်နက်အဖြစ်သုံး​တာကို လက်နက်အဖြစ် သုံး​တယ်ဆိုတာက ဘာလဲဆို​တော့​ သူတို့​ အစိုး​ရရဲ့​ ​ပေါ်လစီကို ​ထောက်ခံတဲ့​ အဖွဲ့​အစည်း​ဆိုရင် မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်ခွင့်​ပေး​တယ်​ပေါ့​ဗျာ၊​ သူတို့​ပေါ်လစီကို ဆန့်​ကျင်ရင်​တော့​ ပတ်သက်ခွင့်​မ​ပေး​ဘူး​ပေါ့​ဗျာ” လို့​ ​ပြောပါတယ်။

ဝ ၊​ ကိုး​ကန့်​ဒေသ​တွေမှာလည်း​ ဘိန်း​စိုက်ပျိုး​မှု​တွေ ​လျော့​ကျခဲ့​ပြီး​ နည်း​ပါး​သွား​ပြီလို့​လည်း​ သူက ဆိုပါတယ်။

၂၀၁၁ ခုနှစ်မှာ​တော့​ ဘိန်း​စိုက်ပျိုး​တဲ့​နှုန်း​က ၁၄ ရာခိုင်နှုန်း​ တိုး​မြင့်​ခဲ့​ပေမယ့်​ အထွက်နှုန်း​က​တော့​ ၅ ရာခိုင်နှုန်း​ပဲ တိုး​မြင့်​လာတယ်လို့​လည်း​ အစီရင်ခံစာက ​ပြောပါတယ်။

ပင်လုံ​ဒေဥခံတဦး​က “ပအိုဝ့်​ဘက်က တာဝန်ယူထား​တာ​တော့​ မသိဘူး​ပေါ့​နော်၊​ ရှမ်း​ဘက်ခြမ်း​က​တော့​ တချို့​နေရာမှာ​တော့​ သူတို့​ကို အခွန်​ပေး​ပြီး​ စိုက်​နေတဲ့​ အ​ခြေအ​နေမျိုး​ရှိ​နေပါတယ်။ ပိုက်ဆံယူထား​ပေမယ့်​လည်း​ လာဖျက်တဲ့​ အပိုင်း​ကို​တော့​ ဘာမှ အကာအကွယ်​ပေး​လို့​ မရတာ​တွေလည်း​ ရှိ​နေပါတယ်။ စိုက်လို့​တော့​ ရတယ်။ ဖျက်ဆီး​ရေး​ပိုင်း​မှာ​တော့​ အကာအကွယ် မ​ပေး​နိုင်ဘူး​လေ။ ဖျက်ဆီး​တာက တဖွဲ့​” လို့​ ​ပြောပါတယ်။

ဘိန်း​ဈေး​တက်လာတဲ့​အတွက် လယ်သမား​တွေ ပိုစိုက်ပျိုး​လာ​အောင် ဆွဲ​ဆောင်လာ​နေပြီး​ ဘိန်း​စိုက်ပျိုး​သူ​တွေကို ပို​ထောက်ပံ့​ဖို့​ တခြား​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ အစီအစဉ်​တွေလိုတယ်လို့​လည်း​ ကုလအစီရင်ခံစာက ​ဖော်ပြပါတယ်။

မြန်မာပြည်က ဘိန်း​စိုက်ပျိုး​ထုတ်လုပ်တာက ၁၉၉၆-၂၀၀၆ ဆယ်နှစ်အတွင်း​ ​လျော့​နည်း​ခဲ့​ပေမယ့်​ ၂၀၀၆-၂၀၁၁ခုနှစ် အတွင်း​ကာလ​တွေမှာ​တော့​ ဘိန်း​စိုက်ပျိုး​တာ ပိုများ​ပြား​လာတယ်လို့​ ဒီဇင်ဘာ ၁၄ ရက်ထုတ် မြန်မာ့​အလင်း​ သတင်း​စာမှာ ​ရေး​သား​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013