နည်းပြဘ၀ နောက်ဆုံးအချိန်ရောက်နေပြီဟု အာစင်ဝင်းဂါး ပြော

နောက်ဆုံးအချိန်ကိုရောက်နေပြီလို့ အာစင်ဝင်းဂါးက ပြောကြားခဲ့တယ်လို့ ကစားသမား ဟောင်း အီယန်ရိုက်ကပြောပါတယ်။ အာစင်ဝင်းဂါးနဲ့ အသင်း ကစားသမားဟောင်း အီယန်ရိုက်တို့ဟာ ကြာသာပတေးညက တွေ့ဆုံခဲ့ပြီး အာစင်ဝင်းဂါးက နည်းပြဘ၀ရဲ့ အဆုံးသတ်ပိုင်းရောက်လာပြီလို့ ပြောခဲ့တာလို့ အီယန်ရိုက်ကပြောကြားခဲ့တာပါ။ ဒါ့အပြင် အာစင်ဝင်းဂါးဟာ ဖိအားဒဏ်ခံ စားရနေတဲ့ ပုံစံပေါက်နေပြီး မောပမ်းနွမ်းနယ်တဲ့ ပုံစံရှိတယ်လို့ အသင်း တိုက်စစ်မှူးဟောင်း အီယန်ရိုက် ကသုံး သပ်ခဲ့ပါတယ်။ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ အာစင်ဝင်းဂါးဟာ ဒီနှစ်ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးခြင်းမရှိသေးပါဘူး။ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရလဒ်တွေဆိုးရွားနေတာကြောင့် ရာသီကုန်မှာလည်း အောင်မြင်မှုမရခဲ့ဘူးဆိုရင် အာစင်ဝင်းဂါးဘက်က စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့လည်း သ တင်း တွေထွက်နေပါတယ်။ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ အာစင်နယ်တိုက်စစ်မှူးဟောင်း အီယန်ရိုက် ဟာ ၁၉၉၆ကနေ ၁၉၉၈ ခုနှစ်အထိ အာဆင်ဝင်းဂါး လက်အောက်မှာ ကစားခဲ့တဲ့ တိုက်စစ်မှူးဟောင်း တဦးဖြစ် ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up