မြိတ်မြို့ ပြည်ထောင်စုနေ့ သရုပ်ပြ စက်ဘီးစီးနင်းပွဲ ပြုလုပ်
DVB
·
February 12, 2017
နှစ် ၇၀ ပြည့် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် MYEIK BIKE ASSOCIATION (MBA) စက်ဘီးစီးအဖွဲ့နဲ့ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက် rနက် ၆ နာရီu ပထမဆုံးအကြိမ် သရုပ်ပြ စက်ဘီးစီးနင်းနေကြပါတယ်။
ပြည်ထောင်စုနေ့ မြိတ်မြို့မှာ ပြုလုပ်တဲ့ လူထုလှုပ်ရှားမှုအသွင်ဖြင့် သရုပ်ပြ စက်ဘီးစီးနင်းပွဲကို စက်ဘီးစီးဝါသနာရှင်တွေ၊ ကျောင်းသူ/သားတွေနဲ့ မြို့ခံပြည်သူတွေ စုစုပေါင်း ၇၀၀ အစီးရေတို့ မြို့လှည့် စီးနင်းနေကြတယ်လို့ သိရပါတယ်။
စက်ဘီးစီးနင်းပွဲကို မြိတ်မြို့နယ်၊ ကန်ဖျားရပ်ကွက် မြိတ်မြို့မအားကစားကွင်းအရှေ့မှ စတင်ထွက်ခွာသွားနေပြီး ဗဟိုလမ်းအတိုင်းစီးနင်း၍ ကန်ခေါင်းလမ်းမှတဆင့် ကြောင်ငယ်၊ ကန်ဘောင်ရိုးလမ်း၊ ဦးမြတ်လေးလမ်း၊ မြို့သစ်တံတားဦး၊ နောက်လယ် ၇ လမ်း၊ အမှတ် (၁) ဘော ဆိပ်ခံတံတားတဆင့် ကမ်းနားလမ်း၊ ငါးဦးစီးရုံးလမ်း၊ တပ်ပြင်လမ်းအတိုင်း စီးနင်းပြီး ပိတောက်လမ်းမှ တဆင့် ကန်ဖျား ကြံတောလမ်းမကြီးအတိုင်း စီးနင်းပြီး ကန်ဖျားမြေနီးလမ်းအတိုင်း မြို့မအားကစားကွင်း အရှေ့တွင် ပြန်လည် ပန်းဝင်ခဲ့ကြတယ်လို့ မြိတ်စက်ဘီးနင်းအဖွဲ့များထံမှ သိရပါတယ်။
သတင်း၊ ဓာတ်ပုံ- ဇော်ဇော် (မြိတ်)