A d v e r t i s e m e n t With Us

လုပ်သက်ရပိုင်ခွင့်​အတွက် အလုပ်သမား​တချို့​ ဆက်လက်​တောင်း​ဆို

တောင်ဒဂုံစက်မှုဇုန်-၁ မှာရှိတဲ့​ ​အောင်စိန်လင်း​ ကုမ္ပဏီလီမိတက် သစ်အ​ချောထည် စက်ရုံက အလုပ်ထုတ်ခံရတဲ့​ အလုပ်သမား​ ၂၂ ဦး​ လုပ်သက်ဆု​ကြေး​ နည်း​ပါး​တဲ့​အတွက် မ​နေ့​က ငြိမ်း​ချမ်း​စွာ ဆန္ဒပြ ​တောင်း​ဆိုခဲ့​ကြပါတယ်။ အောင်စိန်လင်း​ ကုမ္ပဏီလီမိတက် သစ်အ​ချောထည်စက်ရုံမှာ လုပ်သက် အနည်း​ဆုံး​ ၇ နှစ် က​နေ ၁၅ နှစ်အတွင်း​ လုပ်ခဲ့​ကြတဲ့​ အလုပ်သမား​တွေအတွက် လုပ်သက်ဆု​ကြေး​ကို တနှစ် ၁ ​ထောင်သာ ​ပေး​မယ်ဆိုတဲ့​အတွက် အလုပ်သမား​တွေက တိုး​မြှင့်​တောင်း​ဆို​နေကြတာပါ။ အရင် အလုပ်ရှိလို့​ လုပ်သက်ဆု တနှစ်ကို တ​ထောင်လက်ခံ​ပေမယ့်​ အခု အလုပ်ပြုတ်မှာ ဖြစ်တာ​ကြောင့်​ တနှစ်ကို ​လေး​သောင်း​ပေး​ဖို့​ အလုပ်သမား​တွေက ​တောင်း​ဆိုတာဖြစ်ပါတယ်။ ဒီလို​တောင်း​ဆိုခဲ့​ရာမှာ မ​နေ့​တုန်း​က မြို့​နယ်နဲ့​တိုင်း​ အလုပ်သမား​ဝန်ကြီး​ဌာန အရာရှိ​တွေ လာ​ရောက် ညှိနှိုင်း​ပေး​ခဲ့​ပေမယ့်​ ​ပြေလည်မှု မရရှိခဲ့​ပါဘူး​။ မ​နေ့​က ဆန္ဒပြသူ ၂၂ ဦး​ထဲက ၁၀ ဦး​က​တော့​ နယ်ကလာပြီး​ အလုပ်လုပ်ကြတဲ့​အတွက် အလုပ်ရှင် ​ပေး​တဲ့​အတိုင်း​ ယူပြီး​ ပြန်သွား​ကြ​ပေမယ့်​ ကျန်သူ​တွေက​တော့​ လုပ်သက်ဆုရ​ရေး​အတွက် အလုပ်သမား​ ဝန်ကြီး​ဌာနလက်​အောက်မှာ ရှိတဲ့​ ဝါဏိဇ္စ (ပဋိပက္ခ ​ဖြေရှင်း​ရေး) ဌာနဆီကို တိုင်ထား​တယ်လို့​ ဆန္ဒပြသူထဲမှာပါဝင်တဲ့​ ကိုသိန်း​တိုး​က ​ပြောပါတယ်။ “နဂိုကတည်း​ကမှ ကျ​နော်တို့​ရဲ့​ အ​ခြေခံလစာ​တွေကနည်း​တယ်​လေ။ အပို​ကြေး​ပေး​တာ​ရော ​ခြောက်လစာ​ပေး​တာ​တောင်မှ ကျ​နော်တို့​ လုပ်သက် သက်တမ်း​တွက်ကြည့်​ရင် ဒါအရမ်း​နည်း​တယ်​လေ။ ၇ နှစ်သမား​တောင်မှ ရတဲ့​ပိုက်ဆံက ၁ သိန်း​ ၆ ​သောင်း​လောက်ပဲ ရကြတာ။ အများ​ဆုံး​က ၃သိန်း​ပေါ့​။ လစဉ်ဝင်​ငွေကို တွက်ပြီး​ ​ပေး​တာ​ပေါ့​။ ကျ​နော်တို့​ထဲမှာက အများ​ဆုံး​တောင် ၃ သိန်း​ပဲ​လေ။ ​ခြောက်လစာ​ပေး​တာ​တောင်မှ နည်း​နေတဲ့​အတွက် သူတို့​ပေး​တဲ့​ လုပ်သက်ဆု​ကြေး​ တနှစ် ၁ ​ထောင်​ပေး​တဲ့​ဟာကို အမျိုး​မျိုး​ ရှု​ထောင့်​က​နေ စဉ်း​စား​ပြီး​တော့​ ဒါ​လေး​ကို ​ပေး​ဖို့​ ကျ​နော်တို့​က ညှိနှိုင်း​ခိုင်း​တာပါ။” အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​ လုပ်သက်ဆု​ကြေး​နဲ့​ ပတ်သက်ပြီး​ အလုပ်သမား​ ဝန်ကြီး​ဌာနမှာ ဒီလို စည်း​မျဉ်း​မရှိတာ​ကြောင့်​ ​ဖြေရှင်း​ဖို့​ ခက်​နေပြီး​ မူတခုလိုအပ်​နေတယ်လို့​ အလုပ်သမား​နဲ့​ အလုပ်ရှင်အကြား​ ကူညီ​ဖြေရှင်း​ပေး​နေသူ အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ် ဦး​ဖုန်း​မြင့်​အောင်က ​ပြောပါတယ်။ “အလုပ်သမား​ဦး​စီး​ဌာန က​တော့​ ကျ​နော်တို့​ အလုပ်ဖြုတ်ရင် လစာရဲ့​ ဘယ်နှလစာ​ပေး​ရမယ်၊​ နှစ်ဘယ်​လောက်ရှိရင် ဘယ်​လောက်စာ ​ပေး​ရမယ်ဆိုတဲ့​ ဥပ​ဒေ​တော့​ ရှိပါတယ်။ အလုပ်ရှင်ကိုလည်း​ ဘယ်​လောက်​ပေး​ပါလို့​ ​ပြောလို့​မရသလို အလုပ်သမား​ကိုလည်း​ ဒီ​လောက်နဲ့​ လက်ခံပါဆိုတာ သူတို့​မှာ ​ပြောခွင့်​မရှိ ဖြစ်​နေပါတယ်တဲ့​။ ကျ​နော်တို့​ အဲဒီ့​ စည်း​မျဉ်း​တခု လို​နေတာ​ပေါ့​နော်။ ကျ​နော်တို့​ အလုပ်သမား​ အစည်း​အရုံး​တွေ ​နောင်တချိန်မှာ ​ပေါ်လာလို့​ရှိရင် ဒီအ​ခြေအ​နေက လိုအပ်​နေတာ ​ပေါ်သွား​တာ​ပေါ့​။ အခုက​တော့​ အဲ့​လို စည်း​မျဉ်း​စည်း​ကမ်း​တွေ မရှိတဲ့​အတွက် နှစ်ဘက်လုံး​က ကျ​နော်တို့​ အလုပ်သမား​ဦး​စီး​ဌာနက​ရော ကျ​နော်တို့​ ကိုယ်စား​လှယ်​တွေဘက်က​ရော ဘာမှလုပ်​ပေး​လို့​ မရဘဲနဲ့​ အလုပ်ရှင်နဲ့​ အလုပ်သမား​ ညှိဖို့​ပဲ အဲဒီလို အကြံ​ပေး​ထား​ပါတယ်။” အလုပ်သမား​တွေဘက်က​တော့​ အလုပ်သမား​ဝန်ကြီး​ဌာန လက်​အောက်ခံ ပဋိပက္ခ​ဖြေရှင်း​ရေး​ဌာန အပြင် ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ်၊​ အလုပ်သမား​သမဂ္ဂ​တွေဆီကိုလည်း​ ဒီပြဿနာကို ​ဖြေရှင်​ပေး​ဖို့​ စာတင်ထား​တယ်လို့​ သူက ​ပြောပါတယ်။ အောင်စိန်လင်း​ သစ်အ​ချောထည် စက်ရုံဟာ အရင်က အလုပ်သမား​ ၁၅ဝဝန်း​ကျင်နဲ့​ လည်ပတ်ခဲ့​ပြီး​ လုပ်ငန်း​ မ​အောင်မြင်​တော့​တာ​ကြောင့်​ အလုပ်သမား​တွေကို တဖြည်း​ဖြည်း​လျှော့​ချခဲ့​ပြီး​ ဒီဇင်ဘာလ ၁၅ ရက်​နေ့​မှာ လုပ်ငန်း​အား​ အပြီး​ရပ်ဆိုင်း​တော့​မယ်လို့​ မြစ်မခသတင်း​အေဂျင်စီမှာ ​ဖော်ပြထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up