DVB Logo
Home
မြန်မာသတင်း
တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ အ​ရေး​အဆို အမိန့်​ချမှတ်
DVB
·
December 15, 2011
Donate to DVB

ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေရဲ့​ ချီး​မြှင့်​ငွေစရိတ်နဲ့​ အ​ဆောင်အ​ယောင်များ​ဟာ အခြား​ဝန်ကြီး​ဌာန ဝန်ကြီး​တွေနဲ့​ တန်း​တူရှိရမယ်လို့​ နိုင်ငံ​တော် အ​ခြေခံဥပ​ဒေခုံရုံး​က​နေ အမိန့်​ချမှတ် လိုက်ပါတယ်။

ပြည်နယ်နဲ့​ တိုင်း​ဒေသကြီး​အစိုး​ရအဖွဲ့​ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေဟာ အခြား​ ဝန်ကြီး​တွေလိုခံစား​ခွင့်​ လုပ်ပိုင်ခွင့်​တွေ မတူညီတဲ့​အတွက် ​ဒေါက်တာ​အေး​မောင်အပါအဝင် အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ၂၃ ဦး​က နိုင်ငံ​တော်ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​ကို တင်သွင်း​ခဲ့​ပါတယ်။

နိုင်ငံ​တော်ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေဆိုင်ရာခုံရုံး​က​နေ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေဟာ အခြား​ အစိုး​ရအဖွဲ့​က ဝန်ကြီး​တွေလို ခံစား​ခွင့်​တွေဖြစ်တဲ့​ ချီး​မြှင့်​ငွေစရိတ် အ​ဆောင်အ​ယောင်​တွေက​တော့​ တန်း​တူဖြစ်တယ်လို့​ အမိန့်​ချမှတ်ပါတယ်။

အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​ရဲ့​ ကြား​နာချက်နဲ့​ ပတ်သက်ပြီး​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ​ဒေါက်တာ​အေး​မောင်က ရှင်း​ပြပါတယ်။

“တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​ဌာနကို တာဝန်ထမ်း​ဆောင်နိုင်ရန်ဆိုတဲ့​ အသုံး​အနှုန်း​လေး​လည်း​ ပါတဲ့​အခါ ဖြစ်သည်လို့​ သုံး​ထား​တာ​လေး​တွေကို ကျ​နော်တို့​က ကိုး​ကား​ပြီး​ ​ရှေ့​နေ​ရှေ့​ရပ်နဲ့​အတူ ခုနကလို အဓိပ္ပာယ်ဖွင့်​ဖို့​ ​တောင်း​ဆိုတာ​ပေါ့​နော်။ အမျိုး​သား​လွှတ်​တော်ဥက္ကဋ္ဌ​ရှေ့​မှာ အ​ခြေခံဥပ​ဒေ ခုံရုံး​ကို​လေ။ ကျ​နော်တို့​ကို အဓိပ္ပာယ်ဖွင့်​ပေး​ပါ​နော်။ အ​ခြေခံဥပ​ဒေမှာ တန်း​တူသတ်မှတ်ထား​ပါလျက်နဲ့​ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​ရဲ့​ ကဏ္ဍ​တွေဟာ ခုနကလို သူတို့​ဆီက ပြဋ္ဌာန်း​ပေး​တဲ့​ ဥပ​ဒေမှာ မပါဘူး​ပေါ့​နော် အဲဒါ​လေး​တင်တာပါ။ ကျ​နော်တို့​က အဆို ၇ မျက်နှာ​လောက်တင်ပါတယ်၊​ ကျ​နော်တို့​ရဲ့​ ​ရှေ့​နေနဲ့​လေ။ ဒါ​ကြောင့်​ဒါ​ကြောင့်​ ဒီဌာန တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​နဲ့​ ပတ်သက်လို့​ရှိရင် အဆင့်​တူပါတယ်၊​ ဒီလိုသတ်မှတ်ထား​ပါတယ်ဆိုတဲ့​ ​ကောက်ချက်​တွေနဲ့​ တင်တာ​ပေါ့​ဗျာ။

“​ရှေ့​နေချုပ်ရုံး​ကလည်း​ ဒါ​ကြောင့်​ သူတို့​ ​ရေး​ဆွဲခဲ့​တဲ့​ ဥပ​ဒေဟာ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ရဲ့​ ကဏ္ဍကို တဆင့်​နှိမ့်​ထား​ပါတယ် ဒါ​တွေဒါ​တွေ​ကြောင့်​ ဆိုပြီး​ သူတို့​ဘက်ကလည်း​ ​ထောက်ပြတာ​ပေါ့​နော်။ သူတို့​ထောက်ပြတာရယ် ကျ​နော်တို့​ဘက်က တင်ပြတာရယ်နဲ့​ အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​က ကြား​နာတာ​ပေါ့​နော် ပြီး​ခဲ့​တဲ့​ နိုင်ဝင်ဘာလက လကုန်တတိယအပတ်​လောက်က ကြား​နာပါတယ်။ မ​နေ့​က​တော့​ ကျ​နော်တို့​ကို အ​ခြေခံဥပ​ဒေဆိုင်ရာ ခုံရုံး​ရဲ့​ စီရင်ချက်ကို ကျ​နော်တို့​ကို ကြား​နာ​စေတယ်။”

တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေဟာ ခံစား​ခွင့်​အ​နေနဲ့​ တန်း​တူဖြစ်လာ​ပေမယ့်​ လုပ်ပိုင်ခွင့်​အ​နေနဲ့​တော့​ အခြား​ ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​ အစိုး​ရဝန်ကြီး​တွေနဲ့​ မတူညီဘူး​လို့​လည်း​ ရှမ်း​ပြည်နယ် အစိုး​ရအဖွဲ့​ အင်း​တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​ ဦး​ဝင်း​မြင့်​က ​ပြောပါတယ်။

“ကျ​နော်တို့​က​တော့​ ရပိုင်ခွင့်​မှာ​တော့​ ပြည်နယ်ဝန်ကြီး​လိုမျိုး​ ​ထောက်ပံ့​ကြေး​နဲ့​ အ​ဆောင်​ယောင်​တွေ​တော့​ ရမှာ​ပေါ့​လေ။ လုပ်ပိုင်ခွင့်​က​တော့​ ဘယ်လို​ပေး​လာမယ်ဆိုတာ ကျ​နော်တို့​က မသိ​သေး​ဘူး​။ အရင်တုန်း​ကလည်း​ ကျ​နော်တို့​ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​ ဆိုပြီး​တော့​မှ တာဝန်​ပေး​ထား​တယ်။ ဒါ​ပေမယ့်​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေမှာ တိုင်း​ရင်း​သား​ရေး​ရာဝန်ကြီး​သည် မိမိတိုင်း​ရင်း​သား​လူမျိုး​ ​ရေး​ရာကိစ္စများ​ကို ​ဆောင်ရွက်ရမည် ဆိုပြီး​တော့​မှ အဲဒီဟာနဲ့​ပဲ သူက ပြီး​ရတယ်။ ​နောက်ထပ် နည်း​ဥပ​ဒေက ဆက်မထွက်လာ​တော့​ ကျ​နော်တို့​လည်း​ ဘယ်လိုမှ လုပ်လို့​မရဘူး​။ ​နောက်​တော့​ နည်း​ဥပ​ဒေထွက်လာတဲ့​အခါ ပြည်နယ် ကတ်ဘိနက် အစည်း​အ​ဝေး​မှာ ဝန်ကြီး​ချုပ်က အစည်း​အ​ဝေး​ခေါ်မှ တက်ရမယ် ဆိုပြီး​တော့​မှ အဲဒီလိုထွက်လာတယ်​လေ။”

နိုင်ငံ​တော်အ​ခြေခံဥပ​ဒေ ခုံရုံး​က အခုချမှတ်လိုက်တဲ့​ အမိန့်​အရ တိုင်း​ရင်း​သား​ရေး​ရာ ဝန်ကြီး​တွေဟာ ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​က ဝန်ကြီး​တွေနဲ့​ တန်း​တူခံစား​ခွင် ရရှိ​တော့​မှာဖြစ်ပြီး​၊​ နိုင်ငံ​တော်က ချီး​မြင့်​တဲ့​ လစဉ် စရိတ် ၄ သိန်း​ခွဲနဲ့​ ​နေအိမ်၊​ ​မော်​တော်ကား​ နှစ်စီး​ စတဲ့​ အ​ဆောင်အ​ယောင်​တွေ ရရှိမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013