ဗြိတိန်တပ်ဖွဲ့ဝင်များ တောတွင်း ပုံအောင်းတိုက်ခိုက်သည့်ရုပ်သံ ထွက်ပေါ်


by dvburma ဗြိတိန်တင့်ကားတပ်က တောတွင်း ပုံအောင်းတိုက်ခိုက်ပုံပြသတဲ့ ရုပ်သံထွက်ပေါ်နေပြီး ဒီရုပ်သံကို The Sun မှ ဖေါ်ပြထားပါတယ်။ ရုပ်သံထဲမှာ တပ်သားတွေအနေနဲ့ တောတွင်း ပုံအောင်းပြီး ရန်သူအခြေအနေကို သိရှိဖို့ စုံစမ်းပုံ အထက်အရာရှိများနဲ့ ဆက်သွယ်သတင်းပေးပုံ တိုက်ပွဲအစီအစဉ်ဆွဲပြီး တိုက်ပွဲကို အနိုင်တိုက်ခိုက်ပုံ စတာတွေကို မြင်းတပ်မှ တပ်ကြပ်တဦးက ရှင်းပြနေတာပါ။ “Close Target Recce (CTR) ဆိုတဲ့အဓိပ္ပာယ်က အနီးကပ် ပစ်မှတ်ထားပြီး ရန်သူရဲ့အခြေအနေ သတင်းအချက်အလက်တွေကို ရယူရတဲ့ လုပ်ငန်းစဉ်ပါ ရန်သူရဲ့တည်နေရာတွေ အနေအထားတွေမှာ ဘာတွေရှိနေလဲဆိုတာ ရှာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာပါ။ ဘယ်လိုရန်သူမျိုးလဲ၊ ဘယ်လိုလက်နက်စနစ်တွေ တပ်ဆင်သုံးစွဲထားလဲဆိုတာကို အထက်အရာရှိတွေဆီ အစီရင်ခံစာ ပြန်ပို့ရပါတယ်။ ရန်သူရဲ့ အနေအထားကို စောင့်ကြည့်အကဲခပ်ဖို့ CTR က ကျနော်တို့တွေကို လျှို့လျှို့ဝှက်ဝှက် လှုပ်ရှားခိုင်းပါတယ်။” လို့ ရုပ်သံအတွင်း တပ်ကြပ်က ပြောပါတယ်။ တောအတွင်းမှာ နေ့အလင်းရောင် တခုကိုသာ သုံးပြီး တိတ်တိတ်စိတ်စိတ် လှုပ်ရှားမှုတွေ လုပ်ရပါတယ်။ ကိုယ့်အသံကို မကြားရအောင် ကိုယ့်ကိုမမြင်ရအောင် သစ်ပင်တွေကို အကာအကွယ်ယူ ရန်သူရဲ့တည်နေရာကို ရောက်ဖို့ လျှို့ဝှက်လှုပ်ရှားရပြီး ကိုယ့်ကို ရှာမတွေ့အောင် ပုံးအောင်းပြီး နေရတာက အခြားအရာတွေထက် အရေးကြီးပါတယ် ရည်ရွယ်ချက်ကတော့ ကိုယ့်ကို မမြင်စေပဲ ရန်သူကို မြင်ဖို့ပါ။ အဲဒီနောက် ကျနော်တို့က သတင်းအချက်အလက်တွေကို စုဆောင်းပြီးတဲ့အခါ ကျနော်တို့ ဘာတွေရှာတွေ့သလဲဆိုတာ အစီရင်ခံစာပြန်ပို့ရတာပါ။ ဒီလိုလုပ်ဆောင်တာက ကျနော်တို့ တိုက်ခိုက်ဖို့ အစီအစဉ်စွဲနိုင်ပြီး တိုက်ပွဲကို အနိုင်ယူနိုင်ပါတယ် လို့ ရုပ်သံထဲမှ တပ်ကြပ်က ရှင်းပြသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up