လီဗာပူးက စပါးအသင်းကို ၂ ဂိုးဖြင့် အနိုင်ရရှိ (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်သွားတဲ့ နာမည်ကြီး နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးက တော့တင်ဟမ် ဟော့စပါးအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။ လီဗာပူးအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို တိုက်စစ်မှူး မာနေးက ပထမပိုင်း ၁၆ မိနစ်နဲ့ ၁၈ မိနစ်မှာ သွင်းယူပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ရုန်းကန်ခဲ့ရပြီး ၅ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး ခဲ့ပါတယ်။ စပါးအသင်းဟာ လူစုံထုတ် ယှဉ်ပြိုင် သွားပေမယ့် အဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းမပြနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ လီဗာပူးကပဲ ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေ ပိုရခဲ့ပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြနိုင်တဲ့ တိုက်စစ်မှူး မာနေးက အကောင်းဆုံး ကစားသမားဆုကို ရသွားပါတယ်။ စပါးနည်းပြ ပိုချက်တီနိုကတော့ သူ့အသင်းက ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ဖို့ စိတ်ပိုင်းဆိုင်ရာ မှာ အားနည်းတာကို ဒီပွဲမှာ ပြသသွားတယ်လို့ ပြောပါတယ်။ ဒီပွဲနိုင်တဲ့ လီဗာပူးဟာ ၄၉ မှတ်နဲ့ အဆင့် ၄ နေရာ မှာ ရှိနေပြီး စပါးက အမှတ် ၅၀ နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up