DVB Logo
Home
မြန်မာသတင်း
ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​နယ်​မြေ​နေ ​ဒေသခံများ​ သတင်း​စာရှင်း​လင်း​ပွဲလုပ်
DVB
·
December 15, 2011
ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ စီမံကိန်း​နယ်​မြေ​နေ ​ဒေသခံများ​ သတင်း​စာရှင်း​လင်း​ပွဲလုပ်
Donate to DVB

ထား​ဝယ်​ရေနက်ဆိပ်ကမ်း​ တည်​ဆောက်​ရေး​ စီမံကိန်း​ကြောင့်​ ရွာ​ပြောင်း​ရွှေ့​ရ​တော့​မယ့်​ သူ​တွေအပါအဝင် ထား​ဝယ်​ဒေသခံ​တွေရဲ့​ သတင်း​စာရှင်း​လင်း​ပွဲတရပ် ဒီ​နေ့​ ရန်ကုန်မှာ ကျင်း​ပပြုလုပ်ခဲ့​ပါတယ်။

ထား​ဝယ်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အဖွဲ့​က ဦး​ဆောင်ကျင်း​ပတဲ့​ သတင်း​စာရှင်း​လင်း​ပွဲကို ရန်ကုန်မြို့​ ​ရွှေဂုံတိုင်က ​တော်ဝင်နှင်း​ဆီခန်း​မမှာ ဒီ​နေ့​မွန်း​လွဲပိုင်း​က ပြုလုပ်ခဲ့​တာဖြစ်ပြီး​ ထား​ဝယ်​ဒေသခံ​တွေရဲ့​ သ​ဘောထား​ ​ကြေညာချက်​လေး​ရပ် ထုတ်ပြန်ခဲ့​ပါတယ်။

ကြေညာချက်ပါ အချက်တချို့​ကို ဦး​ဆောင်ကျင်း​ပတဲ့​ ထား​ဝယ်​ဒေသဖွံ့​ဖြိုး​တိုး​တက်​ရေး​ အဖွဲ့​ဝင်တဦး​က ခုလို​ပြောပါတယ်။

“မိမိတို့​ဒေသ တိုင်း​ဒေသမက အခြား​နိုင်ငံ​ပေါင်း​များ​စွာမှ ပြည်သူများ​အတွက်ပါ အကျိုး​ရှိ​စေမည့်​ စီမံကိန်း​ကြီး​ဖြစ်လာ​စေရန် ဆန္ဒရှိပြီး​ ​ရေရှည်တည်တန့်​သော စိမ်း​လန်း​ဖွံ့​ဖြိုး​မှု​ပေါ်အ​ခြေပြု​သော စီမံကိန်း​တခု ဖြစ်လာ​စေရန် အဲဒါ နံပတ်တစ်ပါ။ နံပါတ်နှစ်က​တော့​ စီမံကိန်း​ကြောင့်​ ​ပြောင်း​ရွှေ့​ရမှုများ​ ရှိပါက ​ဒေသခံများ​၏ အသက်​မွေး​မှုနှင့်​ ဘဝတည်ငြိမ်မှုများ​ မပျက်စီး​စေရန် ​ဒေသခံပြည်သူများ​၏ ဆန္ဒသ​ဘောထား​များ​ ​တောင်း​ခံကာ ၎င်းတို့​အ​ပေါ် အ​ခြေပြု၍ အ​ကောင်အထည် ​ဖော်​စေလိုပါသည်။ စီမံကိန်း​ကြောင့်​ ယဉ်​ကျေး​မှုနယ်​မြေများ​ကို မထိခိုက်​စေလိုဘဲ မိမိတို့​ ​ဒေသခံများ​၏ အိမ်၊​ ခြံ၊​ လယ်​မြေ ဥယျာဉ်ခြံများ​ ထိခိုက်မှု ရှိပါက နစ်နာမှုနှင့်​ ညီမျှ​သော တန်ဖိုး​ရှိသည့်​လျော်​ကြေး​အား​ ကာယကံရှင် ပြည်သူများ​နှင့်​ ညှိနှိုင်း​ကာ တိကျ​သော ပမာဏ အချိန်ကာလ သတ်မှတ်​ပေး​ရန်။”

ဒါ့​အပြင် စီမံကိန်း​ဒေသ​နေ ပြည်သူ​တွေ ကျန်း​မာ​ရေး​ မထိခိုက်​စေဖို့​နဲ့​ သဘာဝပတ်ဝန်း​ကျင် မပျက်စီး​စေဖို့​ လွတ်လပ်တဲ့​ ပုဂ္ဂလိက​လေ့​လာတိုင်း​တာ​ရေး​ အဖွဲ့​က ​လေ့​လာပြီး​ ​တွေ့​ရှိချက်​တွေကို ​ဒေသခံ​တွေထံ ချပြ​စေလိုတဲ့​အ​ကြောင်း​၊​ ​ရေရှည်တည်တံ့​ဖွံ့​ဖြိုး​သော စိမ်း​လန်း​တဲ့​ စီမံကိန်း​ ဖြစ်​စေဖို့​အတွက် လွတ်လပ်တဲ့​ အန်ဂျီအိုအဖွဲ့​တွေ၊​ အရပ်ဘက်လူ့​အဖွဲ့​အစည်း​တွေ၊​ ကုလအဖွဲ့​တွေ၊​ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေအကြား​ ​ဒေသခံများ​အကြား​ ညှိနှိုင်း​ဆွေး​နွေး​မှုများ​ ရှိ​စေဖို့​ စတဲ့​ အချက်​လေး​ချက်ကို ​ဒေသခံ​တွေရဲ့​ ဆန္ဒသ​ဘောထား​တွေအဖြစ် ​ဖော်ထုတ် ​တောင်း​ဆိုလိုက်ပါတယ်။

ထား​ဝယ်​ဒေသခံ​တွေရဲ့​ သတင်း​စာရှင်း​လင်း​ပွဲ တက်​ရောက်လာတဲ့​ ထား​ဝယ်ခရိုင်၊​ ​ရေဖြူမြို့​နယ်ထဲက မယင်း​ကြီး​ရွာဆရာ​တော်က သူတို့​နေထိုင်တဲ့​ရွာ​တွေ ဖျက်ရမှာကို မလိုလား​ဘူး​လို့​ ခုလိုမိန့်​ပါတယ်။

“မယင်း​ကြီး​ရွာ​တောင်တန်း​ကြီး​ကို ဘယ်ဘက်က စက်ယန္ဒယား​တွေနဲ့​ထိုး​၊​ အ​နောက်ဘက်ကထိုး​လိုက် ညာဘက်ကထိုး​လိုက်​တော့​ ​တောင်ကြီး​တွေက ဟင်း​သီး​ဟင်း​ရွက် ရှာစား​နေရတဲ့​ ​တောင်တန်း​ကြီး​တွေက ပျက်တယ်။ ကမ်း​နား​လမ်း​ ​ဖောက်တယ်ဆို​တော့​ သီဟိုပင်​တွေလည်း​ ပျက်တယ်။ အဲဒီအပျက်​တွေကို ရွာသူရွာသား​တွေက ​လျော်​ကြေး​လည်း​ ဘာမှ မရဘဲနဲ့​ စိတ်ထဲမှာ အ​နှောင့်​အယှက်ဖြစ် ခံစား​နေရတယ်။ ပြီး​တော့​ ရွာသား​တွေကိုလည်း​ ​ပြောင်း​ရမယ်လို့​ ​ပြော​သေး​တယ်။ ဒီလိုဆို​တော့​ နယ်​မြေခံ​တွေက ​လျော်​ကြေး​ကို မလိုချင်ဘူး​ မ​ပြောင်း​ရရင​တော်ပြီ။ ဒီသစ်ပင်​တွေ ရှိရင် ကိုယ်တိုင်လည်း​ ထိုင်စား​လို့​ ရတယ်၊​ သား​စဉ်မျိုး​ဆက်လည်း​ အ​မွေ​ပေး​လို့​ ရတယ်။ ပိုက်ဆံတသိန်း​ အ​လျော်ရလို့​တော့​ ကိုယ်တိုင် တသက်လုံး​ထိုင်စား​လို့​လည်း​ မရဘူး​၊​ သား​စဉ်မျိုး​ဆက် အ​မွေ​ပေး​လို့​လည်း​ မရဘူး​။ ဒါ​ကြောင့်​ ​လျော်​ကြေး​ကိုမလိုဘူး​၊​ ကိုယ့်​သစ်ပင်ပဲ ကိုယ်လိုချင်တယ်။”

ထား​ဝယ်​ဒေသခံ​တွေရဲ့​ သတင်း​စာရှင်း​လင်း​ပွဲကို သတင်း​စာဆရာ စာ​ရေး​ဆရာ ​မောင်ဝံသအပါအဝင် ပြည်တွင်း​ပြည်ပ သတင်း​ထောက် ၁၀၀ ခန့်​ တက်​ရောက်ခဲ့​ကြသလို သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​စိတ်ဝင်စား​တဲ့​ ဦး​အုန်း​၊​ ဦး​ဝင်း​မျိုး​သူ တို့​လည်း​ တက်​ရောက်ခဲ့​ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013