မြန်မာ့ပထမဆုံးသမ္မတ စပ်ရွှေသိုက်၏သမီးနှင့် မေးမြန်းချက် (ရုပ်သံ)
DVB
·
February 11, 2017
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ကျရောက်မယ့် ပြည်ထောင်စုနေ့အခမ်းအနားကို ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
အဲဒီအခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မှာဖြစ်သလို ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
ဒီပွဲကိုတက်ရောက်လာတဲ့ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသမ္မတ ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်ရဲ့ သမီး စ၀်ဟေမာသိုက်ကို ဒီဗွီဘီ သတင်းထောက် ကိုသက်က တွေ့ဆုံမေးမြန်းထားပါတယ်။