DVB Logo
Home
မြန်မာသတင်း
ကချင်စစ်​ပြေး​ဒုက္ခသည်များ​ ကျန်း​မာ​ရေး​အ​ခြေအ​နေ ဆိုး​ရွား
DVB
·
December 15, 2011
ကချင်စစ်​ပြေး​ဒုက္ခသည်များ​ ကျန်း​မာ​ရေး​အ​ခြေအ​နေ ဆိုး​ရွား
Donate to DVB

တရုတ်ပြည် လုံချွမ်ခရိုင် ခင်ချန်ရွာနဲ့​ ကပ်လျက် ကချင်ပြည်နယ် ခါနန်ရန်စခန်း​မှာ ခိုလှုံ​နေတဲ့​ ကချင်စစ်​ပြေး​ဒုက္ခသည်​တွေဟာ ​သောက်သုံး​ရေနဲ့​ဆေး​ဝါး​အကူအညီ​တွေ မရရှိတာ​ကြောင့်​ ကျန်း​မာ​ရေး​အ​ခြေအ​နေ အ​တော်ဆိုး​ရွား​ပြီး​ အ​သေအ​ပျောက် ရှိ​နေပါတယ်။

ဒုက္ခသည်​တွေကို ကျန်း​မာ​ရေး​စောင့်​ရှောက်မှုနဲ့​လူမှုအကူအညီ​ပေး​နေတဲ့​ လူထုအလင်း​အဖွဲ့​ တာဝန်ခံ ဆရာမမိုင်ဂျာက “စခန်း​ကလူ​တွေ ထက်ဝက်​ကျော်​လောက်က ဝမ်း​ပျက်ဝမ်း​လျှောတဲ့​ ပြဿနာ​တွေ ဖြစ်​နေတယ်။ ၈ ရက်​နေ့​မှာ က​လေး​လေး​တ​ယောက် ​သေသွား​တယ်။ ၁၄ ရက်​နေ့​မှာ အသက် ၅၀ ​ကျော်အရွယ် အမျိုး​သမီး​တ​ယောက်​သေသွား​တယ်။ သူတို့​ဆီမှာ ​ရေအခက်အခဲ ရှိတယ်။ ​ရေကလည်း​ မသန့်​ဘူး​။ ​နောက်တ​ယောက်က ၁၁ ရက်​နေ့​က တီဘီနဲ့​ဆုံး​သွား​တယ်။ သူတို့​နေတဲ့​နေရာက က​လေး​တွေလည်း​အများ​ကြီး​ပဲ။ အခု တီဘီနဲ့​ ဆုံး​သွား​တော့​ ကျမတို့​စိုး​ရိမ်တာ​ပေါ့​နော်။ တီဘီကာကွယ်​ရေး​အတွက် ကျမတို့​ ဘာမှမလုပ်နိုင်ဘူး​” လို့​ ​ပြောပါတယ်။

ဒုက္ခသည်​တွေကို ဘယ်လိုအကူအညီ​ပေး​ရမယ် ဆိုတာကို ​လေ့​လာဖို့​ ဒီဇင်ဘာ ၁၄ ရက်​နေ့​က ကူလသမဂ္ဂက ​စောင့်​ရှောက်​ရေး​အဖွဲ့​တွေ လိုင်ဇာကိုသွား​ပြီး​ ပဏာမ အကူအညီ တချို့​ပေး​ခဲ့​ပေမယ့်​ ခါနန်ရန်နဲ့​ အနီး​အနား​က စခန်း​တွေကို​တော့​ မ​ရောက်ခဲ့​သေး​ပါဘူး​။

ကူညီကယ်ဆယ်​ရေး​အ​ခြေအ​နေနဲ့​ပတ်သက်လို့​ ဆရာမမိုင်ဂျာက “​ဒေသခံ​တွေ ဝိုင်း​ကူတာရှိတယ်။ တရုတ်ပြည်ထဲက ကချင်​တွေ၊​ တရုတ်​တွေ​ပေါ့​နော်။ ​နောက်ပြီး​ မြန်မာပြည် ထဲက​ရော။ နိုင်ငံခြား​ရောက်​နေတဲ့​ မြန်မာတချို့​ ကူတာ​တွေရှိ​တော့​ ​လော​လောဆယ် ဆန်​တော့​ပေး​ထား​နိုင်တယ်။ ဒါ​ပေမယ့်​ ဆီဆား​တို့​ ကျန်တဲ့​ဟင်း​တို့​တော့​ လုံလုံ​လောက်​လောက် မ​ပေး​နိုင်ဘူး​ဖြစ်​နေတယ်။ လိုအပ်​နေတာက​တော့​ ​ဆေး​ဝါး​၊​ ကျန်း​မာ​ရေး​၊​ ပြီး​ရင် အစား​အ​သောက်​တွေ။ ကျမတို့​ဖူဖူလုံလုံ မ​ပေး​နိုင်​တော့​ က​လေး​လေး​တွေ အာဟာရပြတ်ပြီး​တော့​ ​ဆေး​ရုံ​ရောက်သွား​တာ​တွေရှိတယ်” လို့​ ​ပြောပါတယ်။

ခါနန်ရန် ဒုက္ခသည်စခန်း​မှာ ဒုက္ခသည်​တွေ ခိုလှုံ​နေကြတာ ၆ ရက်ရှိပြီဖြစ်ပြီး​ က​လေး​တွေအပါအဝင် ဒုက္ခသည် စုစု​ပေါင်း​ ၁၄၀၀ ​ကျော် ရှိတယ်လို့​ ဆိုပါတယ်။

ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်း​တွေမှာ ဒုက္ခသည် ၂ သောင်း​ကျော်ရှိတယ်လို့​ သိရပြီး​ တိုက်ပွဲ​တွေ မရပ်​သေး​တာ​ကြောင့်​ ဒုက္ခသည်​တွေ ​နေ့​စဉ် ထပ်တိုး​လာ​နေတယ်လို့​ ဆိုပါတယ်။

အစိုး​ရက ဒီ​နေ့​ထုတ်ပြန်တဲ့​ ကချင်​ဒေသ စစ်​ဘေး​ဒုက္ခသည် သတင်း​မှာ​တော့​ စစ်​ပြေး​က​လေး​တွေဟာ စိတ်ပိုင်း​ဆိုင်ရာ ထိခိုက်​နေကြတယ်လို့​ ​ဖော်ပြထား​ပြီး​ အ​သေအ​ပျောက်ရှိတဲ့​ အ​ကြောင်း​တော့​ ​ဖော်ပြမထား​ပါဘူး​။

ဇွန်လကတည်း​က အစိုး​ရတပ်​တွေနဲ့​ကချင်လွတ်လပ်​ရေး​တပ်မ​တော် ​ကေအိုင်​အေကြား​မှာ တိုက်ပွဲ​တွေ ဖြစ်ပွား​နေခဲ့​တာ​ကြောင့်​ လိုင်ဇာ​ဒေသမှာလည်း​ စစ်​ပြေး​ဒုက္ခသည် ၂ ​သောင်း​ကျော်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013