ဘီကီနီဝတ် အမျိုးသမီးကို ဆင်ကြီးက ဒေါသတကြီး အစွယ်ဖြင့် လေထဲပစ်မြှောက် (ရုပ်သံ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဒေသခံတွေက ဆင်ကြီးတွေကို ရေချိုးပေးစဉ် သဘာဝအလှတွေကို အနီးကပ်ခံစားချင်တဲ့ အမေရိကန်ကျောင်းသူ ဘီကီနီဝတ် ဝစ်တနီလာဗက်စ်က ဒေသခံတွေနဲ့အတူ ကူညီပြီး ဆင်ကြီးတွေကို ရေချိုးပေးဖို့ အနားကပ်လာချိန်မှာ ဆင်ကြီးရဲ့ ရန်ပြုတာကို ခံခဲ့ရပါတယ်။ အမေရိကန်ကျောင်းသူ ဘီကီနီဝတ် ဝစ်တနီလာဗက်စ်ဟာ သူငယ်ချင်းတစ်ယောက်က ရုပ်သံရိုက်ပေးနေလို့ သူမက ဆင်ကြီးရဲ့ နှာမောင်းနေရာတွေကို ရေနဲ့ပွတ်ပြီး ဆေးပေးနေတုန်း ကင်မရာကို ရှက်တဲ့ ဆင်ကြီးက သူမကို အစွယ်ဖျားနဲ့တို့ထိပြီး လေထဲကို လွှင့်ပစ်လိုက်တဲ့ ရုပ်သံကို မေရာရဲ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ သတင်းမှာ ဖော်ပြထားတာပါ။ ခြေကျင်းဝပ်မြှုပ်တဲ့ ရွှံ့ရေထဲ ပြုတ်ကျသွားတဲ့ ဝစ်တနီကို သူငယ်ချင်းတွေက ကမန်းကတန်း ကူညီလိုက်ရပါတယ်။ ကံကောင်းစွာနဲ့ပဲ ကျောင်းသူကတော့ ဘာမှထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ အဲ့ဒီနောက် ဝစ်တနီက ဟာသအနေနဲ့ “ထိုင်းနိုင်ငံမှာ ဆင်နဲ့ပျံသန်းခြင်း” လို့ ရေးသားပြီး ဒီရုပ်သံလေးကို ယူကျု့မှာ တင်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up