Home
မြန်မာသတင်း
ကျောက်ကြီးမြို့တွင် ဓာတ်ဆီလဲလှယ်ရာမှ နေအိမ် ၂ လုံးမီးလောင်
DVB
·
February 11, 2017
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် စက်သုံးဆီ အရောင်းဆိုင်တွင် စက်သုံးဓာတ်ဆီ လဲလှယ်ရာမှ အပူလွန်ကဲကာ ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၁၂ နာရီလောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက မီးသတ်ကား ၃ စီး၊ ကျောက်တံခါးမြို့က မီးသတ်ကား ၃ စီး၊ ဖြူးမြို့ နယ်က မီးသတ်ကား ၂ စီးနဲ့အတူ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ပေးခဲ့ရပြီး မွန်းလွဲ ၁ နာရီလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် စက်သုံးဓာတ်ဆီအရောင်းဆိုင်အပါအဝင် အနီးဝန်းကျင်ရှိ နေအိမ် ၁ လုံး မီးကူးစက်လောင်ကျွမ်းခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်း ၆၀ သိန်း လောက်ရှိတယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး ဆီဆိုင်ပိုင်ရှင် ဝေယံအောင်ကို ပေါ့ဆမီး ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် ထားတယ်လို့ ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစောနောင် က ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024