Home
သတင်းဓာတ်ပုံ
နေပြည်​​တော်​ လယ်​​ဝေးမြို့နယ်​တွင် ဗိုလ်​ချုပ်​​ကြေးရုပ်​ထု စိုက်​ထူထားရှိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
February 10, 2017
16649058_380324499008846_1674618239440145503_n
16602750_380322772342352_7859859866765520542_n
16508139_380324515675511_2073337271692101723_n
  နေပြည်တော်၊ လယ်ဝေးမြို့နယ် ရန်ကုန်- မန္တလေး လမ်းဟောင်း လယ်ဝေးမြို့မဈေး မီးပွိုင့်လမ်းဆုံမှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဗိုလ်ချုပ်ကြေးရုပ်ထု စင်တင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ "ပန်းပုပညာရှင်က သိန်း ၃၀ စိုက်ပေးပါတယ်။ မြို့နယ်က ပြည်သူတွေ ထည့်ဝင်ငွေထဲက သိန်း ၁၀၀ ပဲ အသုံးပြုခဲ့တာပါ။ ရန်ကုန်မှာ သွန်းတာပါ။ အချိန်ကတော့ ၆ လကျော်ကျော်လောက်ကြာတယ်"လို့ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ပြောပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ထုမှာ ၉ ပေ အမြင့်ရှိပြီးတော့ ကြေးပိသာချိန် ၃၀၀ နဲ့ ကာလတန်ဖိုး ကျပ်သိန်း ၁၃၀ ကုန်ကျတယ်လို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီ ပြောပါတယ်။ "ကျနော်တို့ မြို့က ရပ်မိရပ်ဖထည့်ဝင်ငွေတွေနဲ့ တည်ဆောက်တာပါ။ နေပြည်တော် ဈေးတွေက ဈေးသူဈေးသားတွေ ထည့်ဝင်ငွေလည်းပါပါတယ်။ အားလုံးကလည်း ဒီနေရာမှာ ဗိုလ်ချုပ်ရုပ်ထု ထားဖို့ အားလုံးကလည်းသဘောတူလို့ လုပ်ကြတာပါ" လို့ ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌဦးတင်ဦးက ပြောပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ထု ဖွင့်ပွဲအခမ်းအနားကိုတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး နိဗ္ဗာန် ဈေးပွဲတော်၊ စိန်ဒူးဝါး ဆိုင်းအဖွဲ့တို့နဲ့ ဖျော်ဖြေမှာ ဖြစ်တယ်လို့ ကော်မတီက ပြောပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024