Homeမြန်မာသတင်း
ခိုင်းကျွဲ၊နွား သတ်ဖြတ်မှုကို ထိန်းချုပ်မယ့် အစီစဉ်ရှိမရှိမေးခွန်း လွှတ်တော်ဥက္ကဋ္ဌပယ်ချ
ခိုင်းကျွဲ၊နွား သတ်ဖြတ်မှုကို ထိန်းချုပ်မယ့် အစီစဉ်ရှိမရှိမေးခွန်း လွှတ်တော်ဥက္ကဋ္ဌပယ်ချ
DVB
·
February 9, 2017
စက်မှုလယ်ယာသို့ အလုံးစုံမကူးပြောင်းမီ ခိုင်းကျွဲ၊ ခိုင်းနွား သတ်ဖြတ်မှုကို ထိန်းချုပ်မယ့် အစီစဉ်ရှိ၊ မရှိ၊ ခိုင်းကျွဲ နွား လုံလောက်မှု ရှိစေရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းကို ဘာသာ၊ သာသနာနဲ့ပတ်သက်ပြီး လွှတ်တော်မှာမေးမြန်းခွင့် မရှိတဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ခွင့်မပြုဘဲ ပယ်ချလိုက်ပါတယ်။
“ရိုးရိုးတန်းတန်းမေးပါ။ ဘာသာ၊ သာသနာနဲ့ပတ်သက်ပြီး ရောထွေးမေးမြန်းတာမျိုး ခွင့်မပြုပါဘူး။ ရိုးရိုးတန်းတန်း မေးလို့ရပါတယ်။ အဲလိုမှမဟုတ်ရင် ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဘာသာ၊ သာသနာနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မေးမြန်းခွင့်မရှိတဲ့အတွက် အဆိုကို ခွင့်မပြုပါဘူး”လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။
ခိုင်းကျွဲ၊ ခိုင်းနွားများ သတ်ဖြတ်မှုကို ထိန်းချုပ်ပြီး ခိုင်းကျွဲ၊ ခိုင်းနွား လုံလောက်မှု ရှိစေရေး မေးခွန်း မေးမြန်းခဲ့တဲ့ မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ဦးမောင်မြင့်က မေးခွန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကို ရှင်းလင်းတင်ပြရာမှာ အစ်နေ့မှာ နွားသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ တဲ့အတွက် ခွင့်ပြုထားတဲ့မေးခွန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၉ ရက် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ကိုယ်စားလှယ် ဦးမောင်မြင့်က တင်သွင်းခဲ့တာဖြစ်ပါတယ်။
သတင်း - အောင်ဆန်းဦး