A d v e r t i s e m e n t With Us

ရွှေညဝါဆရာ​တော်ကို ဖယ်ရှားပြီး​ ​ကျောင်း​ကို ချိပ်ပိတ်ရန် ညွှန်ကြား

ရှေညဝါဆရာ​တျော
ရန်ကုန် ကြည့်​မြင်တိုင်၊​ သာဓု​ကျောင်း​တိုက် ​ရွှေညဝါဆရာ​တော်ကို ​ကျောင်း​က​နေ ဖယ်ရှား​ပြီး​ ​ကျောင်း​ကို ချိပ်ပိတ်ဖို့​ တိုင်း​သံဃာ့​မဟာနာယကအဖွဲ့​က ညွှန်ကြား​တဲ့​ စာကို ဒီ​နေ့​မှာ လက်ခံရရှိတယ်လို့​ ဆရာ​တော်က မိန့်​ကြား​ပါတယ်။ [caption id="attachment_15762" align="alignleft" width="310" caption="ရွှေညဝါဆရာတော်"][/caption] နိုင်ငံ​တော်သံဃာ့​မဟာနာယကရဲ့​ ညွှန်ကြား​ချက်အရ ၁၂ ရက်​နေ့​ ရက်စွဲနဲ့​ ​ပေး​ပို့​လိုက်တဲ့​စာမှာ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟက သံဃာ့​နာယကအဖွဲ့​ရဲ့​ တရား​ဟောခွင့်​ပိတ်ထား​တဲ့​ စည်း​ကမ်း​ကို မလိုက်နာဘဲ မန္တ​လေး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ နိုဝင်ဘာ ကုန်ပိုင်း​က တရား​ဟောတဲ့​အတွက် အ​ရေး​ယူတာလို့​ ပါရှိပါတယ်။ ဆရာ​တော်က သံဃာ့​မဟာနာယကအဖွဲ့​က ​ပေး​ပို့​တဲ့​ ညွှန်ကြား​စာကို အခုလို မိန့်​ပါတယ်။ “​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟသည် မန္တ​လေး​တိုင်း​ ​ဒေသကြီး​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​တွင် တရား​ဟောကြား​သည့်​ကိစ္စ တင်ပြလာခြင်း​နှင့်​ စပ်လျဉ်း​၍ (က) ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟအား​ နိုင်ငံ​တော်သံဃာ့​မဟာ နာယကအဖွဲ့​ပိုင် ကြည့်​မြင်တိုင်မြို့​နယ်၊​ သာဓု​ကျောင်း​တိုက်မှ ဖယ်ရှား​ရန်၊​ (ခ) သံဃာ့​အဖွဲ့​အစည်း​ အဆင့်​ဆင့်​ ဆုံး​မညွှန်ကြား​သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်၊​ နိုင်ငံ​တော် သံဃာမဟာ နာယက အဖွဲ့​ရဲ့​ ခွင့်​ပြုချက်မရဘဲ မည်သည့်​ပုဂ္ဂိုလ်မျှ သာဓု​ကျောင်း​တိုက်အတွင်း​ မည်သည့်​သင်တန်း​မှ ဖွင့်​လှစ်​ဆောင်ရွက်ခြင်း​ မပြုလုပ်ရန်။ သို့​ဖြစ်ပါ၍ အပိုဒ်(၁)ပါ နိုင်ငံ​တော်သံဃာ့​ မဟာနာယက အဖွဲ့​ (၄၇) ပါး​စုံညီ ပထမဆုံး​ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်နှင့်​အညီ အ​ကောင်အထည်​ဖော် ​ဆောင်ရွက်​ရေး​ ရန်ကုန်တိုင်း​ဒေသကြီး​၊​ သာသနာ​ရေး​မှူး​သို့​ ဆက်လက် ညွှန်ကြား​ ​ဆောင်ရွက်သွား​ပါရန်နှင့်​ ​ဆောင်ရွက်ပြီး​စီး​မှု အ​ခြေအ​နေကို ပြန်လည်တင်ပြ ​လျှောက်ထား​ကြရန် အ​ကြောင်း​ကြား​ ​လျှောက်ထား​အပ်ပါသည်။” ရွှေညဝါ​ကျောင်း​တိုက်ဟာ ငြိမ်း​ချမ်း​ရေး​နဲ့​ ဒီမိုက​ရေစီလိုလား​သူ​တွေက စုရပ်လို ဖြစ်ခဲ့​ပါတယ်။ ဂ​လေး​လုံး​အခမ်း​အနား​၊​ အမျိုး​သား​နေ့​ အခမ်း​အနား​ အထိမ်း​အမှတ်​နေ့​တွေမှာ ဆရာ​တော်​ကျောင်း​မှာ ဆွမ်း​ကပ်တာ​တွေ ပြုလုပ်​လေ့​ရှိပါတယ်။ မကြာခင်က အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ရဲ့​ မြန်မာပြည်ခရီး​စဉ်မှာလည်း​ နယ်ပယ်အသီး​သီး​က ထင်ရှား​သူ​တွေနဲ့​ ​တွေ့​ဆုံဖို့​ ဖိတ်ကြား​သူ​တွေမှာ ​ရွှေညဝါဆရာ​တော် ပါဝင်ခဲ့​ပါတယ်။ အဲဒီတုန်း​ကလည်း​ တရား​ဟောခွင့်​ပိတ်ပင်ခံထား​ရတဲ့​ ဆရာ​တော်က တိုင်း​ရင်း​သား​ဒေသမှာ ဖြစ်ပွား​နေတဲ့​ စစ်ပွဲ​တွေကို အစိုး​ရက ရပ်ဖို့​ လိုတဲ့​အ​ကြောင်း​ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ဆရာ​တော်က မိန့်​ကြား​ခဲ့​ဖူး​ပါတယ်။ အခုလို သံဃာ့​နာယကအဖွဲ့​က ညွှန်ကြား​ချက်နဲ့​ ပတ်သက်လို့​တော့​ ငြိမ်း​ချမ်း​ရေး​ကို လိုလား​တဲ့​ သံဃာတပါး​အ​နေနဲ့​ ငြိမ်း​ချမ်း​တဲ့​နည်း​နဲ့​ပဲ ​ဖြေရှင်း​ချင်တယ်လို့​ ​ရွှေညဝါဆရာ​တော်က မိန့်​ကြား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up