DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံစက်မှုဇုန်တွင် ဆန္ဒပြမှုဖြစ်ပွား
DVB
·
December 14, 2011
Donate to DVB

တောင်ဒဂုံစက်မှုဇုန်-၁ မှာ တည်ရှိတဲ့​ ​အောင်စိန်လင်း​ သစ်အ​ချောအထည်စက်ရုံမှာ ဒီက​နေ့​ မနက်ပိုင်း​က အလုပ်သမား​ ၂၀ ​ကျော်ဆန္ဒပြခဲ့​ပါတယ်။

ဆန္ဒပြမှုနဲ့​ပတ်သက်ပြီး​ အလုပ်သမား​အ​ရေး​ဆောင်ရွက်​နေတဲ့​ ဦး​ကြည်လင်း​ကို ဆက်သွယ်​မေး​ကြည့်​ထား​ပါတယ်။

တောင်ဒဂုံ စက်မှုဇုန်မှာ ဆန္ဒပြတယ်ကြား​လို့​။ ဘယ်လိုဖြစ်တယ်ဆိုတာ ​ပြောပြပါဦး​။

“​တောင်ဒဂုံ စက်မှုဇုန်မှာ အလုပ်သမား​ ၂၂ ​ယောက်ကို အလုပ်က​နေ ရပ်စဲပစ်တယ်။ သူတို့​လုပ်သက်က အနည်း​ဆုံး​ ၇ နှစ်က​နေ ၁၅ နှစ်ထိ ရှိတယ်။ သူတို့​တွေကို ၅ လစာပဲ​ပေး​ပြီး​ အလုပ်က ထုတ်ပစ်လိုက်တာ။ သူတို့​လုပ်ငန်း​ လိုအပ်ချက်အရတဲ့​။ အဲဒါ​ကြောင့်​ အလုပ်သမား​တွေက သူတို့​ရဲ့​ နစ်နာ​ကြေး​၊​ ကရုဏာ​ကြေး​တွေနဲ့​ သူတို့​က တနှစ်ကို ၁ ​ထောင်ပဲ​ပေး​တာ။ နစ်နာပါတယ်ဆိုပြီး​ အလုပ်သမား​တွေက ဆန္ဒပြ ​တောင်း​ဆိုတယ်။”

ဘယ်သူက ထုတ်တာလဲ။

“အလုပ်ရှင်က ထုတ်ပယ်တယ်။ အလုပ်သမား​ ညွှန်ကြား​မှု ဦး​စီး​ဌာနနဲ့​ ညှိနှိုင်း​ပြီး​တော့​ ထုတ်ပယ်တာတဲ့​။”

ဒီ​နေ့​ ဘယ်အချိန်တုန်း​က ဆန္ဒပြတာလဲ။ ဆန္ဒပြမှုက ဘယ်လိုပြီး​စီး​သွား​လဲ။

“သူတို့​ မနက် ၈ နာရီခွဲက စပြီး​ဆန္ဒပြတယ်။ ည​နေက ညှိနှိုင်း​တော့​ ကျ​နော်တို့​ ​ရောက်သွား​တယ်။ အဲဒီအချိန်ထိ အလုပ်သမား​ ညွှန်ကြား​မှု ဦး​စီး​ဌာနက မြို့​နယ်ဦး​စီး​ အရာရှိလာတယ်။ သမဝါယမ ဦး​စီး​ဌာနက အရာရှိလာတယ်။ ဒါ​ပေမယ့်​ သူတို့​က အလုပ်သမား​ဘက်က မရပ်တည်ကြဘူး​။ အလုပ်ရှင်ဘက်က တဖက်သတ် ရပ်တည်ပြီး​တော့​ မ​ကျေနပ်လျှင် ကြိုက်တဲ့​နေရာ တိုင်နိုင်တယ်လို့​ ​ပြောတယ်။”

အခုည​နေပိုင်း​အထိ ဘယ်လိုဆက်ဖြစ်​သေး​လဲ။

“ကျ​နော်ပြန်လာတဲ့​ ၃ နာရီအချိန်ထိ​တော့​ တိုင်း​ဦး​စီး​ အရာရှိနဲ့​ တိုင်း​ရုံး​က​နေ လာညှိမယ်လို့​ ​ပြောတယ်။ ကျ​နော်တို့​လည်း​ အာဏာပိုင်တို့​ သက်ဆိုင်ရာ အဖွဲ့​အစည်း​တွေ၊​ အိုင်အယ်လ်အို တို့​ကို သတင်း​ပို့​ပါတယ်။”

အလုပ်သမား​တွေက ဘယ်လိုပုံစံနဲ့​ ဆန္ဒပြတာလဲ။ ​အော်ပြီး​ဆန္ဒပြတာလား​။

“အလုပ်သမား​တွေက ငြိမ်း​ချမ်း​စွာ ဆန္ဒပြတာပါ။ သူတို့​အလုပ်ရုံထဲလာတယ် အလုပ် မလုပ်ဘူး​။ ငြိမ်း​ချမ်း​စွာပဲ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ ထိုင်​နေကြတာပါ။”

အောင်စိန်လင်း​သစ်အ​ချောထည် စက်ရုံဟာအရင်က အလုပ်သမား​ ၁၅၀ ဝန်း​ကျင်နဲ့​ လည်ပတ်ခဲ့​ပြီး​ လုပ်ငန်း​ မ​အောင်မြင်​တော့​တာ​ကြောင့်​ အလုပ်သမား​တွေကို တဖြည်း​ဖြည်း​ ​လျှော့​ချခဲ့​ပြီး​ ဒီဇင်ဘာလ ၁၅ ရက်​နေ့​မှာ လုပ်ငန်း​အား​ အပြီး​ရပ်ဆိုင်း​တော့​မယ်လို့​ မြစ်မခသတင်း​အင်ဂျင်စီမှာ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013