Home
မြန်မာသတင်း
မြန်မာနယ်ခြားစောင့်တပ် ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁ ဦးသေဆုံး
DVB
·
February 7, 2017
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် နတ်မြစ်ထဲမှာ ဖေဖော်ဝါရီ ၆ ရက်နေ့က မြန်မာ နယ်ခြားစောင့်တပ်က ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေပေါ်မှ ငါးဖမ်းသမား၁ဦး သေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲကို ကိုးကားပြီး ချန်နယ်နယူးစ်အေရှ သတင်းမှာ ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဒေသတွင်း ရဲအရာရှိချုပ် အစ်က်ဘဲလ် ဟူစိန်က အဲဒီနေ့ မနက်ပိုင်းက ငါးဖမ်းလှေဟာ မြန်မာရေ ပိုင်နက်ထဲ ရောက်ရှိချိန်မှာ ခုလိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ “ငါးဖမ်းသမား ၃ သောက်လုံးမှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကနေ ဖြတ်ကျော်သွားနေခဲ့တာကို သတိမပြုမိခဲ့ကြဘူးလို့ ပြောပါတယ်။” ငါးဖမ်းသမားတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ဖြစ်တဲ့ တက်က်နက်ဖ်မြို့ဆီ ပြန်လှည့်ခဲ့ကြပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ထားခဲ့ကြကာ အသက် ၂၆ နှစ်အရွယ် နူရယ်အမင်ကတော့ သေဆုံးသွားခဲ့တာပါ။ ငါးဖမ်းသမားတွေအနေနဲ့ သေနတ်နဲ့ ပစ်ခတ်မခံရခင်မှာ မြန်မာနယ်ခြားစောင့်တပ်ဘက်က ကြိုတင်သတိပေးချက်တစုံတရာ မရှိပဲ ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024