Home
ရုပျသံ
လူသတ်သမားကြည်လင်းက သေနတ်ချိန်မောင်းခိုင်းသည့် တက္ကစီယာဉ်မောင်းနှင့် မေးမြန်းချက်ရုပ်သံ
DVB
·
February 6, 2017
ဇန်န၀ါရီ ၂၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံ ခံခဲ့ရတဲ့ အန်အယ်လ်ဒီ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းက ထွက်ပြေးဖို့ တက္ကစီတစီးပေါ် တက်ပြီး သေနတ်နဲ့ချိန်မောင်းခိုင်းခဲ့တဲ့ ယာဉ်မောင်း ဦးကျော်ဦးကို ဒီဗွီဘီက မေးမြန်းထားပါတယ်။ တရားခံ ကြည်လင်းကို ဖမ်းမိခဲ့ပေမယ့် ဦးကျော်ဦးရဲ့ တက္ကစီကားမှာ ရှေ့လေကာမှန်ကွဲအက်တာ၊ ဘေးတံခါးချိုင့်ဝင်ပွန်းပဲ့တာ၊ ဗန်ဘာပွန်းပဲ့တာ၊ ဆေးများပွန်းပဲ့တာစတာတွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က အန်အယ်လ်ဒီ ဗဟိုဥပဒေအကြံပေး ဦးကိုနီဟာ သေနတ်သမား ဦးကြည်လင်းရဲ့ အနီးကပ် ပစ်ခတ် လုပ်ကြံသတ်ဖြတ်တာခံခဲ့ရပြီး သေနတ်သမားကို လိုက်လံဖမ်းဆီးခဲ့တဲ့ ကိုနေ၀င်းလည်း ပစ်သတ်ခံခဲ့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024