DVB Logo
Home
မြန်မာသတင်း
မြ၀တီတံတား ကုန်ပစ္စည်းများ ဖြတ်သန်းခွင့် မရသေး
DVB
·
December 13, 2011
မြ၀တီတံတား ကုန်ပစ္စည်းများ ဖြတ်သန်းခွင့် မရသေး
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား ဖွင့်ခဲ့တာ တပတ်ကျော်ပေမယ့် ခုချိန်ထိ မြန်မာဘက်က တရားဝင် ကုန်ပစ္စည်း ထုတ်တာ သွင်းတာ မရှိသေးပါဘူး။

[caption id="attachment_18780" align="alignleft" width="300" caption="ဒီ​ဇင်​ဘာ​ ​ ​၅​ ​ရက်​နေ့​​ မြဝ​တီ​တံ​တား​​ ပြန်​ဖွင့်​လှစ်​စဉ်"][/caption]

တနှစ်ကျော်ကြာအောင် ပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်က ချစ်ကြည်ရေး တံတားကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ကုန်သွင်းခွင့်လိုင်စင် ရဖို့ကိုတော့ နောက် သတင်းပတ်အထိ ကြာမယ်လို့ နယ်စပ်က ကုန်သည်တွေက ပြောကြပါတယ်။

မြ၀တီမြို့က ကုန်သည်တဦးက “ကုန်တွေတော့ မပေးကူးသေးဘူး။ အခုက လူတွေပဲ ပေးကူးသေးတယ်။ ချက်ချင်းတော့ မရသေးဘူး။ ကုန်ကူးခွင့် လိုင်စင်တွေဘာတွေ ရှိသေးတယ်။ အဲဒါတွေ လုပ်ရသေးတယ်။ သူတို့ပြောတာတော့ အဲဒါတွေကို လုပ်ပြီးသွားရင်တော့ ဘေးကင်းတယ်လို့ ပြောတာပဲ။ သူတို့မှာ လုပ်ရတဲ့ အချက်အလက်တွေ ရှိတယ်။”

မြန်မာဘက်က ကုန်သည်တွေဟာ သွင်းကုန် ထုတ်ကုန် လိုင်စင်ရပြီးမှ တရားဝင် ကုန်တင်သွင်းခွင့်ရမှာ ဖြစ်ပြီး သွင်းကုန် လိုင်စင်ဟာ တနှစ်သက်တမ်းသာ ရှိတဲ့အတွက် ပြန်လျှောက်ရတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြ၀တီမြို့က ရွှေမြန်မာ တောင်းအေ့စ် ကားလိုင်းကနေ အစီး ၄၀ လောက် မဲဆောက်ကို နေ့စဉ် ခရီးသည်တွေ တင်ဆောင်ဖြတ်သန်းနေတဲ့ အတွက် ထိုင်းခရီးသည်တင် ကားလိုင်းသမားတွေ မြန်မာဘက်ကလာတဲ့ ရွှေမြန်မာ ကားလိုင်းကို ဖြတ်သန်းခွင့်မပေးဖို့ အရေးဆိုလာနိုင်တယ်လို့လည်း မဲဆောက် ဒေသခံတဦးက ပြောဆိုပါတယ်။

“ကားသမားတွေက ဒီတံတားကို ကားတွေနဲ့ပိတ်ချင်တယ်။ ပိတ်လို့မရဘူး။ ဒီတခေါက် တံတားပိတ်လိုက်ရင် ပိုဆိုးမယ်လေ။ ဒီကားပြဿနာကိုတော့ အဖြစ်မခံနိုင်တော့ဘူး။ ထိုင်းဘက်က ကုန်သည်ကြီးများအသင်းတို့ ဘာတို့က။ ဒါပေမယ့် ခက်တာကလည်း ဒီမှာက ဒီမိုကရေစီနိုင်ငံဆိုတော့ မကျေနပ်ရင် အရေးဆိုခွင့်ရှိတယ်ဆိုတော့ သူတို့အရေးဆိုလိမ့်မယ်။ သူတို့အရေးဆိုခဲ့ရင် သူတို့ ထိုင်းအာဏာပိုင်တွေနဲ့ပဲ ရှင်းရမှာပေါ့။”

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား ပြန်ဖွင့်လိုက်တဲ့အတွက် ရန်ကုန်မြို့မှာတော့ ထိုင်းကုန်ပစ္စည်း ဈေးနှုန်းတွေ ကျသွားတယ်လို့လည်း ရန်ကုန်က ကုန်သည်တဦးက ဒီဗွီဘီ ပြောပါတယ်။

“ဈေးတွေပြန်ကျတယ်။ ဟိုတရက်ကတော့ ဈေးတအားတက်တယ်။ အခုတလော ခွင့်ပြုတာ အဓိကတော့ ၅ မျိုးပေးမယ်လို့ ပြောတာပဲ၊ အချိုမှုန့်တို့၊ အချိုရည်ဗူးတို့၊ ၅ မျိုးလေ။ အဲဒါတော့ ပြောတယ်။ ဈေးကျတာပေါ့။ အရင်တုန်းက ကျပ် ၂၄၀၀ လောက်ရောင်းတဲ့ ပစ္စည်းဆိုရင်  ကျပ် ၂၁၀၀၊ ၂၀၀၀ လောက်ပဲ ရှိတော့တယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013