မောင်တော အကြမ်းဖက်မှုဖြစ်စဉ်တွင် အရပ်သား ၁၃ ဦးသေ၊ ၅ ဦး ပျောက်ဆုံး
DVB
·
February 5, 2017
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်သူများက အရပ်သား ၁၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ၂ ဦး ဒဏ်ရာရ၊ ၅ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပါတယ်။
မောင်တောမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ခုနှစ် ဇန်န၀ါရီလကုန်အထိ ရရှိတဲ့ သေဆုံးပျောက်ဆုံးစာရင်းတွေ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်ကလည်း မောင်တော၊ ဂွဆုံကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း အီဒရစ် ၄၀ နှစ် ဆိုသူ အသတ်ခံခဲ့ရတယ်လို့ အတိုင်ပင်ခံရုံးကပဲ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က မောင်တောနယ်စပ်လုံခြုံရေးစခန်းတွေကို လက်နက်ကိုင်အဖွဲ့တွေ ၀င်ရောက်တိုက်ခိုက်ခဲ့ရာမှာ လုံခြုံရေးရဲ ၉ ဦးနဲ့ စစ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။