ရုပ်ရှင်ဆန်ဆန် အခိုးခံရသည့် ဆိုင်ကယ်နောက် ရဲကားလိုက်ဖမ်း (ရုပ်သံ)

လန်ဒန်မြို့ အနောက်တောင်ပိုင်း မာတန်မြို့ကြီးမှာ ဖေဖော်ဝါရီ ၃ ရက်က ခိုးခံရတဲ့ ဆိုင်ကယ်နောက်ကို ရဲကားလိုက်နေတဲ့ ရုပ်ရှင်ဆန်ဆန် ဗွီဒီယိုရုပ်သံတခုကို ထွက်ပေါ်လာပါတယ်။ ဒီရုပ်သံကိုတော့ မေရာရဲ့ ဖေဖော်ဝါရီ ၄ ရက်သတင်းမှာ ဖော်ပြထားပြီး အမြန်နှုန်းမြင့်နဲ့ နောက်ကလိုက်လာတဲ့ ရဲကားက နောက်ဆုံးမှ ဆိုင်ကယ်ကို ရပ်တန့်နိုင်ခဲ့ပါတယ်။ သံသယရှိသူတွေက သူတို့နောက်ကို လိုက်နေတဲ့ မက်ထရိုပိုလီတန် ရဲအရာရှိတွေလက်က လွတ်အောင် ဆိုင်ကယ်မောင်းပြေးနေလို့ NPAS ဟယ်လီကော်ပတာမှ ဒီရုပ်သံကို ရိုက်ကူးထားတာလို့ သိရပါတယ်။ ရဲကားက ဆိုင်ကယ်နောက် ခပ်လှမ်းလှမ်းက လိုက်တယ်၊ အဲ့ဒီနောက် နီးကပ်လာပြီး ဆိုင်ကယ်ရဲ့အနောက်ဘက်ကို ဝင်တိုက်လိုက်တာကို ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ ဆိုင်ကယ်က ကားလမ်းရဲ့ မျက်နှာချင်းဆိုင်လမ်းဖက်ကို လမ်းချော်သွားလို့ ဆိုင်ကယ်ပေါ်က လူ ၂ ယောက် ပြုတ်ကျသွားပါတယ် နောက် အဲဒီလူ ၂ ယောက်က ရဲတွေလက်က လွတ်အောင် ထွက်ပြေးသွားတာကို တွေ့ရမှာပါ။ ဒါပေမယ့် ရဲက လေ့ကျင့်ပေးထားတဲ့ ခွေးတွေကို ကူဖို့ခေါ်ခဲ့လို့ နောက်ပိုင်း အချိန်အနည်းငယ်အတွင်းမှာပဲ ဆိုင်ကယ်ခိုးသံသယရှိသူ ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၁၃ စက္ကန့်ကြာ ဒီရုပ်သံဖိုင်ကို လမ်းခရီးနဲ့ သယ်ယူပို့ဆောင်ရေး မက်ထရိုပိုလီတန် ရဲဌာနက တွီတာမှာ တင်ထားတာပါ။ “အနောက်ဘက်ပိုင်း RPT က ဆိုင်ကယ်ခိုးတွေနောက်ကို လိုက်ဖို့ မှန်ကန်တဲ့အမိန့်အရ နည်းလမ်းတွေ သုံးခဲ့လို့ ဒီနေ့အစောပိုင်းမှာ ဆိုင်ကယ်ခိုး ၂ ဦးလုံးကို ဖမ်းလိုက်နိုင်တယ်” လို့ လမ်းခရီးနဲ့ သယ်ယူပို့ဆောင်ရေး ရဲဌာနက တွီတာမှာ ရေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up