လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးတွင် ရီမုမိုင်းတလုံး တွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးရဲ့ တောင်စောင်းတခုပေါ်မှာ ရီမုမိုင်းတလုံး တွေ့ရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးအား ပြုပြင်နေတဲ့ လမ်းလုပ်သားတွေရဲ့ မိုင်းတလုံးတွေ့ရှိကြောင်း သတင်းပေးချက်အရ တပ်မတော်စစ်ကြောင်းက ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ ၃ နာရီလောက်က မိုင်တိုင်အမှတ် ၊ ၂၆၉/၅ အနီးရှိ လမ်းမကြီးရဲ့ အနောက်ဘက် ၅ ပေလောက်အကွာ တောင်စောင်းမှာ အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရှေ့ထွက်မိုင်းတစ်လုံး၊ ဒီတိုနေတာနှစ်ခုနဲ့ ဘက်ထရီခြောက် တစ်ခုတို့ကို အဝေးထိန်းစနစ်နဲ့ ဆက်သွယ်ထားတဲ့ မိုင်းတလုံးကို သွားရောက်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up