ဖျာပုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ဖွင့်ပွဲ ပြုလုပ်
DVB
·
February 5, 2017
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့က လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါတယ်။
ဖွင့်ပွဲကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း နဲ့ အန်အယ်လ်ဒီဗဟိုနာယက သူရ ဦးတင်ဦးအပါအဝင် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြပါတယ်။
ဖွင့်ပွဲမှာ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့အကြောင်း သိကောင်းစရာတွေပြောကြားခဲ့ပြီး ဗိုလ်ချုပ်ကို လေးစားလို့ ကြေးရုပ်စိုက်ထူ ဂုဏ်ပြုရုံသာမကပဲ ဗိုလ်ချုပ်ရဲ့ ဆုံးမစကားတွေကို နားထောင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။
သတင်းဓာတ်ပုံ - သော်ဇင်မျိုး