DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့်​ မွန်ပါတီကို ပြန်လည်ဖွဲ့​စည်း​ဖွယ်ရှိ
DVB
·
December 13, 2011
Donate to DVB

၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​တဲ့​ တိုင်း​ရင်း​သား​ နှစ်ပါတီနဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲဝင် တိုင်း​ရင်း​သား​နှစ်ပါတီ ​ပေါင်း​စည်း​ရေး​ အ​တော်ခရီး​ရောက်​နေပြီလို့​ သိရပါတယ်။

ရွေး​ကောက်ပွဲဝင် တိုင်း​ရင်း​သား​နှစ်ပါတီနဲ့​ ​လော​လောဆယ် ဖျက်သိမ်း​ခံထား​ရတဲ့​ ၁၉၉၀ ​ရွေး​ကောက်ပွဲ အနိုင်ရနှစ်ပါတီတို့​ ​ပေါင်း​စည်း​ပြီး​ရင် သက်ဆိုင်ရာပါတီ​တွေမှာ ​ခေါင်း​ဆောင် အ​ပြောင်း​အလဲ​တွေလည်း​ ဖြစ်လာနိုင်တယ်လို့​ ပါတီ ​ခေါင်း​ဆောင်​တွေက ​ပြောပါတယ်။

၂၀၁၀ ​ရွေး​ကောက်ပွဲဝင်ခဲ့​တဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီနဲ့​ ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ခဲ့​တဲ့​ မွန်အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်တို့​ ပြန်လည်​ပေါင်း​စည်း​ရေး​ ​ရှေ့​တပတ်ထဲမှာ တရား​ဝင်ဆုံး​ဖြတ်ပြီး​ရင် ​ခေါင်း​ဆောင်မှု အ​ပြောင်း​အလဲ​တွေလည်း​ ဖြစ်နိုင်တယ်လို့​ မွန်​ဒေသလုံး​ဆိုင်ရာပါတီ ဥက္ကဋ္ဌ နိုင်​ငွေသိန်း​က ​ပြောပါတယ်။

“လူက​တော့​ပြောင်း​နိုင်တယ်။ ဥပမာ ကျ​နော့်​နေရာမှာဆိုရင် သင့်​တော်မယ့်​ ဟိုဘက် ပုဂ္ဂိုလ်​ပေါ့​။ ကျ​နော် ကမ်း​လှမ်း​ပြီး​သား​ပဲ​လေ။ နှစ်ဖက်စလုံး​က သ​ဘောကျမယ်ဆိုရင် ပိုပြီး​ သင့်​တော်မယ့်​ အ​ခြေအ​နေ​ပေး​မယ့်​ ပုဂ္ဂိုလ်တ​ယောက်ကို တင်မယ်ဆိုရင် ကျ​နော့်​အ​နေနဲ့​ ဘာမှကန့်​ကွက်စရာ အ​ကြောင်း​မရှိဘူး​လေ။ ပိုပြီး​တော့​ ​ကောင်း​အောင်၊​ ပိုပြီး​ အရည်အ​သွေး​ပြည့်​အောင်၊​ ပိုပြီး​ခိုင်မာ​အောင် ကျစ်လျစ်​အောင် ကျ​နော်က ကမ်း​လှမ်း​ထား​ပြီး​သား​ပါ။”

မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီဟာ ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲမှာ လွှတ်​တော် ၃ ရပ်စလုံး​အတွက် အမတ်​နေရာ ၁၆ ​နေရာမှာ အနိုင်ရခဲ့​တာပါ။

မွန်ပါတီနှစ်ရပ် ​ပေါင်း​စည်း​ရေး​အတွက် ဆုံး​ဖြတ်ထား​တဲ့​ မွန်အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ မင်း​စိုး​လင်း​ကလည်း​ ၂ ပါတီ ​ပေါင်း​စည်း​ရေး​နဲ့​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်​ရေး​ ကိစ္စကို ​ရှေ့​တပတ်မှာ ​ဆွေး​နွေး​မယ်လို့​ ​ပြောပါတယ်။

“အဓိက က​တော့​ဗျာ။ ကျ​နော်တို့​အဖွဲ့​က ယူအန်အယ်လ်ဒီ (ပြည်​ထောင်စု တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်) ရယ်၊​ ယူအန်​အေ (ညီညွတ်​သော တိုင်း​ရင်း​သား​မဟာမိတ်များ​အဖွဲ့​) ​ရော ကျ​နော်တို့​အဖွဲ့​က ပါ​နေတယ်​လေ။ ယူအန်အယ်လ်ဒီနဲ့​ ယူအန်​အေရဲ့​ ​နောက်ဆုံး​ ၁၆၊​ ၁၁၊​ ၂၀၊​ ၂၁ မှာလုပ်တဲ့​ အစည်း​အ​ဝေး​တုန်း​က နိုင်ငံ​ရေး​အကျဉ်း​သား​များ​ မလွတ်​မြောက်​သေး​သော​ကြောင့်​ တိုင်း​ရင်း​သား​အများ​စုက ပါတီမှတ်ပုံတင်ရန် မဆုံး​ဖြတ်​သေး​၊​ ဆက်လက် ​ဆွေး​နွေး​သွား​မည် ဆိုတဲ့​အပိုဒ်မှာ ကျ​နော်တို့​ခံ​နေတယ်။ အဲ့​အချက်က ကျ​နော်တို့​ ပါတီ ၂၂ ရက်မှာ ထိုင်ပြီး​ အဆုံး​အဖြတ် အတိအကျ ​ပေး​မှာပါ။”

မွန်အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​ဖူး​ပြီး​၊​ ၂၀၁၀ ​ရွေး​ကောက်ပွဲ ဥပ​ဒေအ​ပေါ်မှာ လက်မခံနိုင်တဲ့​ အတွက် ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ခဲ့​ပါတယ်။

အလား​တူ ရခိုင်ပြည်နယ်အ​ခြေစိုက် ရခိုင်နှစ်ပါတီလည်း​ လာမယ့်​နှစ်ဆန်း​ပိုင်း​မှာ ပြန်​ပေါင်း​စည်း​နိုင်​ရေး​ ကြိုး​ပမ်း​နေတဲ့​ အ​ကြောင်း​ကို ရခိုင်အမျိုး​သား​တိုး​တက်​ရေး​ပါတီဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က ​ပြောပါတယ်။

“အမှန်အတိုင်း​ဆိုရင် ရခိုင်ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ပြီး​ခဲ့​တဲ့​ အစိုး​ရလက်ထက်က ဖျက်သိမ်း​ထား​တဲ့​အဖွဲ့​ပေါ့​။ ဒါ​ပေမယ့်​ ရှိပြီး​သား​အဖွဲ့​လို့​ပဲ ကျ​နော်တို့​ သတ်မှတ်ပါတယ်။ လာမယ့်​လွှတ်​တော်နား​တဲ့​ကာလ ဧပြီလ​လောက်ကို မှန်း​ထား​ပါတယ်။ အဲဒီမှာ ပါတီညီလာခံလုပ်မယ်။ ပါတီကြီး​တခုကို ​ပေါင်း​တယ်ဆိုတဲ့​ သ​ဘော အဓိက ဦး​တည်ထား​ပါတယ်။ အဲဒီညီလာခံမှာ ရခိုင်ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ပုဂ္ဂိုလ်​တွေလည်း​ ပါလာပြီး​တော့​ သတ်မှတ်ရင် ပို​ကောင်း​တာ​ပေါ့​။ အဲဒီ​တော့​ အဲဒီကာလထိ မလာနိုင်ဘူး​ဆိုရင်လည်း​ ကျ​နော်တို့​က နည်း​ဗျူဟာတခု ​ပြောင်း​ရမှာ​ပေါ့​။ ​နောက်ကာလတခုထိ ဖွင့်​ထား​မယ့်​သ​ဘော​တော့​ ရှိတယ်။ ကျ​နော်တို့​က သင့်​လျော်တဲ့​ ပုဂ္ဂိုလ်တ​ယောက်​ယောက်ကို ဘယ်သူပဲဖြစ်ဖြစ် ​ရှေ့​ကသွား​။ ကျ​နော်တို့​က ​နောက်ကလိုက်မှာပါ။”

ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲမှာ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ တိုင်း​ရင်း​သား​ပါတီ​တွေ အား​လုံး​ သပိတ်​မှောက်ခဲ့​ကြပြီး​နောက် သက်ဆိုင်ရာ​ဒေသ​တွေမှာ တိုင်း​ရင်း​သား​ပါတီ အသစ်​တွေ ​ပေါ်​ပေါက်ခဲ့​ပါတယ်။

မကြာခင်တုန်း​က​တော့​ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အများ​ဆုံး​အနိုင်ရခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ပါတီမှတ်ပုံပြန်တင်ပြီး​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်ဖို့​ ဆုံး​ဖြတ်တဲ့​နောက်မှာ မဟာမိတ် တိုင်း​ရင်း​သား​ ပါတီတချို့​လည်း​ တရား​ဝင်ပါတီဖြစ်​ရေး​ စဉ်း​စား​လာကြတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013