DVB Logo
Home
မြန်မာသတင်း
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ပါတီ​ထောင်ခွင့်​ပြုလိုက်ပြီ
DVB
·
December 13, 2011
Donate to DVB

မြန်မာ့​ရွေး​ကောက်ပွဲ ​ကော်မရှင်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ပါတီ (အန်အယ်လ်ဒီ) ကို ပါတီထူ​ထောင်ခွင့်​ ပြုလိုက်ပါတယ်။

ဦး​တင်ဦး​ပါ ၂၁ ဦး​ရဲ့​ ပါတီထူ​ထောင်ခွင့်​ ​လျှောက်ထား​မှုဟာ ဥပ​ဒေ၊​ နည်း​ဥပ​ဒေ​တွေနဲ့​ ညီညွတ်​ကြောင်း​တွေ့​ရှိရလို့​ ၂၀၁၁ ခုနှစ်၊​ ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့​ ပါတီထူ​ထောင်ခွင့်​ ပြုလိုက်တယ်လို့​ ​ကော်မရှင်ရဲ့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

ပါတီထူ​ထောင်ခွင့်​ကျပြီဖြစ်လို့​ ​နေပြည်​တော်ကိုသွား​ပြီး​ ပါတီမှတ်ပုံတင်ဖို့​ လုပ်မယ့်​အ​ကြောင်း​၊​ ပါတီမှတ်ပုံတင်ရာမှာ လိုအပ်တဲ့​ ပါတီဖွဲ့​စည်း​ပုံ၊​ မူဝါဒသ​ဘောထား​၊​ အလံတံဆိပ်၊​ ၂၁ ဦး​ထဲက ပါတီ​ခေါင်း​ဆောင်၊​ ဒု-​ခေါင်း​ဆောင် ​ရွေး​ချယ်​ရေး​ တို့​ကို ချက်ချင်း​ ​ဆောင်ရွက်​နေတယ်လို့​ ပါတီ​ပြောခွင့်​ရ ဦး​ဥာဏ်ဝင်း​က ​ပြောပါတယ်။

ပါတီ​ခေါင်း​ဆောင်၊​ ဒု​ခေါင်း​ဆောင် ​ရွေး​ချယ်ဖို့​အတွက် ပါတီထူ​ထောင်ရာမှာ ပါဝင်တဲ့​ ၂၁ ဦး​ကို အစည်း​အ​ဝေး​ခေါ် ​ဆောင်ရွက်သွား​မှာဖြစ်ပြီး​ ​နောက်တပတ်​လောက်မှ ပါတီမှတ်ပုံတင်ဖို့​ ​နေပြည်​တော်ကို သွား​နိုင်မယ်လို့​လည်း​ သိရပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီထူ​ထောင်ခွင့်​ကို ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၂၅ ရက်​နေ့​က ​နေပြည်​တော် ​ကော်မရှင်ရုံး​မှာ ​လျှောက်ထား​ခဲ့​တာ ဖြစ်ပါတယ်။

၂၁ ဦး​စာရင်း
၁။ ဦး​တင်ဦး
၂။ ​ဒေါ်​အောင်ဆန်း​စုကြည်
၃။ ဦး​ဝင်း​တင်
၎။ ဦး​ဟံသာမြင့်
၅။ ဦး​ဥာဏ်ဝင်း
၆။ ​ဒေါ်​မေဝင်း​မြင့်
၇။ ဦး​ဒါလဆိုင်း​(ကချင်)
၈။ ​ဒေါ်ခင်သန်း​လှိုင်(စစ်ကိုင်း​)
၉။ ​ဒေါ်အုန်း​ကြည်(မန္တ​လေး​)
၁၀။ ​ဒေါက်တာ​ဒေါ်သန်း​ငွေ(ရှမ်း​)
၁၁။ ​ဒေါ်ခင်မိုး​မိုး​(ကယား​)
၁၂။ ဦး​ကျော်ခိုင်(ရခိုင်)
၁၃။ ဦး​ဇိုပွဲ(ချင်း​)
၁၄။ ​ဒေါ်ခင်​စော​ဌေး​(မ​ကွေး​)
၁၅။ ​ဒေါ်လှလှမိုး​(ပဲခူး​)
၁၆။ ​ဒေါ်နန်း​ခင်​ထွေး​မြင့်​(ကရင်)
၁၇။ ​ဒေါ်ခင်​ဌေး​ကြွယ်(မွန်)
၁၈။ ဦး​ခင်​ဇော်လင်း​(ဧရာဝတီ)
၁၉။ ​ဒေါ်ခင်​အေး​မူ(တနင်္သာရီ)
၂၀။ ဦး​စိုး​ဝင်း​(ရန်ကုန်)
၂၁။ ကိုမျိုး​ညွန့်​(လူငယ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013