A d v e r t i s e m e n t With Us

ရုပ်ရှင်လုပ်ငန်း​အစည်း​အ​ဝေး​တွင် အဓိကကျသည့်​ တင်ပြချက်များ​ကို ​ဆွေး​နွေး​ခွင့်​မပြု

ဒါရိုက်တာ​ေမာင်မျိုး​မင်း​
ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က ပြုလုပ်ခဲ့​တဲ့​ ရုပ်ရှင်လုပ်ငန်း​ အစည်း​အ​ဝေး​မှာ ရုပ်ရှင်​လောကသား​တွေ တင်ပြခြင်း​မရှိတဲ့​ အချက်အလက်​တွေ ပါဝင်​နေပြီး​ အဓိကကျတဲ့​ တင်ပြချက်​တွေကိုလည်း​ ခွင့်​မပြုခဲ့​ဘူး​လို့​ သိရပါတယ်။ [caption id="attachment_17929" align="alignright" width="300" caption="ဒါရိုက်တာမောင်မျိုးမင်း"][/caption] ဒီဇင်ဘာ ၁၀ ရက်က မြန်မာ့​ရုပ်ရှင်လုပ်ငန်း​မှာ ပြုလုပ်ခဲ့​တဲ့​ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​နဲ့​ ရုပ်ရှင်လုပ်ငန်း​က တာဝန်ရှိသူ​တွေ၊​ ရုပ်ရှင်အစည်း​အရုံး​က တာဝန်ရှိသူ​တွေ စည်း​ဝေး​ခဲ့​ကြရာမှာ ရုပ်ရှင်​လောကသား​တွေ မတင်တဲ့​အချက်​တွေ ပါဝင်​နေပုံနဲ့​ တင်ပြတာ​တွေ မ​ဆွေး​နွေး​ခဲ့​ပုံကို ဒါရိုက်တာ​မောင်မျိုး​မင်း​ (ရင်တွင်း​ဖြစ်) က ခုလို ​ပြောပြပါတယ်။ “ကျ​နော်တို့​ရေး​တဲ့​စာထဲမှာ ဆင်ဆာအဖွဲ့​လုံး​ဝမရှိ​စေရဆိုတဲ့​ဟာ တခုမှ မပါဘူး​။ အဲဒါ ကျ​နော်တို့​ မ​ပြောတဲ့​စကား​ကို ဘာဖြစ်လို့​ထည့်​ပြီး​ ​ပြောသွား​ရတာလဲ။ ကျ​နော်တို့​က ရှိသင့်​တယ်။ ဒါ​ပေမယ့်​ တတ်နိုင်သ​လောက် နည်း​ပြီး​တော့​ ​လျှော့​ပေး​ဖို့​။ အဲဒါ​တွေ​တော့​ ပါတယ်။ ​နောက်ပြီး​တော့​ ဝန်ကြီး​ပြောတဲ့​ထဲမှာ ခိုး​ကူး​ခွေဆိုတာက မရှိဆင်း​ရဲသား​တွေခိုး​နေတာ။ သူ့​အ​နေနဲ့​ တအား​ပြင်း​ထန် အ​ရေး​ယူဖို့​ မ​ကောင်း​ဘူး​လို့​ ​ပြောသွား​တယ်။ တကယ်​တော့​ မရှိဆင်း​ရဲသား​တွေ ခိုး​နေတာမဟုတ်ဘူး​။ သူတို့​နောက်မှာ ထုနဲ့​ထည်နဲ့​ ချမ်း​သာပြီး​တော့​ လင်ခရူဇာစီး​တဲ့​သူ​တွေ​တောင် ရှိတယ်။ အဲ့​လိုလူ​တွေ သပ်သပ်ရှိတယ်။ ကျ​နော်တို့​က အဲ့​ဒီဟာ​တွေနဲ့​ ပတ်သက်လို့​များ​ နား​လည်မှုများ​ လွဲသလား​လို့​။ တကယ်တမ်း​ ​တွေ့​ဆုံသင့်​တာက၊​ ကျ​နော်တို့​ စိတ်မ​ကောင်း​တာက၊​ အဲ့​လို ​တောင်း​ဆိုတဲ့​လူ​တွေနဲ့​ ​တွေ့​သင့်​တယ်။ ဘာ​ကြောင့်​တောင်း​ဆိုတယ်၊​ ဘာလို့​လဲဆိုတာ။ အဲ​တော့​မှ အမှန်တရား​ကို သိနိုင်မှာ​လေ။ မဟုတ်ရင် ​အောက်ကတင်တဲ့​စာ​တွေနဲ့​ ဆုံး​ဖြတ်ရင် အမှန်တရား​ကို မသိမှာစိုး​လို့​။ ” ရုပ်ရှင်ဆင်ဆာအဖွဲ့​ဟာ မသမာမှု​တွေ ​ဆောင်ရွက်တာကို ဝန်ကြီး​ဦး​ကျော်ဆန်း​က ​ဖြေရှင်း​ပေး​မယ်လို့​ ​ပြောသွား​ခဲ့​တာနဲ့​ ပတ်သက်ပြီး​တော့​လည်း​ သူတို့​အ​နေနဲ့​ မသမာမှု​တွေရှိတဲ့​အ​ကြောင်း​ ဝန်ကြီး​ထံ အကြိမ်ကြိမ် တင်ပြခဲ့​ဖူး​ပေမယ့်​ ဘာမှ အ​ကြောင်း​မထူး​ဘူး​လို့​လည်း​ ​မောင်မျိုး​မင်း​က ​ပြောပါတယ်။ ပြန်ကြား​ရေး​ဝန်ကြီး​ဌာန၊​ မြန်မာ့​ရုပ်ရှင်လုပ်ငန်း​ဟာ ဒီအစည်း​အ​ဝေး​ပွဲကို စာတမ်း​တွေ တင်ပြခဲ့​ကြတဲ့​ အကယ်ဒမီ ဇင်ဝိုင်း​၊​ ဒါရိုက်တာ ​မောင်မျိုး​မင်း​ အပါအဝင် ရုပ်ရှင်​လောကသား​တွေ လုံး​ဝ ​ခေါ်ယူခြင်း​မပြုဘဲ ရုပ်ရှင်လုပ်ငန်း​နဲ့​ အစည်း​အရုံး​က လူ​တွေနဲ့​သာ ကျင်း​ပခဲ့​တာ ဖြစ်ပါတယ်။ ရုပ်ရှင်​လောကသား​တွေ တင်ပြတဲ့​ ဆင်ဆာမူဝါဒ ​လျှော့​ပေါ့​ပေး​ဖို့​၊​ ဆင်ဆာအဖွဲ့​ကို ပြန်လည်ဖွဲ့​စည်း​ပေး​ဖို့​၊​ ရုပ်ရှင်အစည်း​အရုံး​ကို ပြန်လည် ဖွဲ့​စည်း​ပေး​ဖို့​၊​ အများ​ပြည်သူ​တွေနဲ့​ သက်ဆိုင်တဲ့​ ​နေရာ​တွေမှာ ရိုက်ကူး​ခွင့်​ပြုဖို့​ စတဲ့​ အဓိကကျတဲ့​ အချက်​တွေ လုံး​ဝ ​ဖြေ​လျှော့​တာ မရှိခဲ့​ပါဘူး​။ အစည်း​အ​ဝေး​မှာ ဝန်ကြီး​ဦး​ကျော်ဆန်း​က မြန်မာနိုင်ငံသား​တွေဟာ ဒီမိုက​ရေစီနဲ့​ ရင့်​ကျက်ခြင်း​ မရှိ​သေး​လို့​ ဆင်ဆာအဖွဲ့​ ဆက်ရှိ​နေဦး​မယ် ဆိုပြီး​ ​ပြောသွား​ခဲ့​ပါ​သေး​တယ်။

A d v e r t i s e m e n t With Us

More News
Up