ချင်းမိုင် ပန်းပွဲတော် ကျင်းပ

၄၁ ကြိမ်မြောက် ချင်းမိုင်ပန်းပွဲတော်ကို ဖေဖော်ဝါရီ ၃ ရက်ကနေ ၅ ရက်နေ့အထိ ကျင်းပနေပါတယ်။ ပထမနေ့ ၃ ရက်နေ့မှာ ပြခန်းတွေ၊ ပန်းဈေးတန်းတွေ စတင်ဖွင့်လှစ်ပြီး ပန်းအလှပြယာဉ် ၁၆ စီး၊ ဘင်ခရာ အဆိုအကအဖွဲ့တွေကတော့ ၄ ရက်နေ့မနက်မှ မြို့တွင်းလှည့်လည်ပါတယ်။ အလှပြယာဉ်တွေနဲ့ ပန်းအမျိုးအစားအလိုက် ပြိုင်ပွဲတွေကို ၅ ရက် ညနေပိုင်းမှာ ဆုတွေပေးမှာပါ။ နှစ်စဉ် ဖေဖော်ဝါရီ ပထမပတ်မှာ ပြုလုပ်လေ့ရှိတဲ့ ချင်းမိုင်ပန်းပွဲတော်ဟာ နိုင်ငံခြားခရီးသွားတွေ စိတ်ဝင်စားတဲ့ ဆွဲဆောင်မှုတခုလည်း ဖြစ်ပါတယ်။ ဓာတ်ပုံ - ပြည့်စုံ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up