ပြည်​​ထောင်​စု​နေ့ကို ဂုဏ်​ပြုသည့်အနေဖြင့် ပြည်​မြို့တွင် အမှိုက်​​ကောက်

ပဲခူးတိုင်း၊ ပြည်မြို့မှာ လူအင်အားထောင်ချီပြီး စုပေါင်း အမှိုက်ကောက်ပွဲတခုကို ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ပြီး ဌာနဆိုင်ရာပေါင်းစုံနဲ့ ပြည်သူတွေ အတူတကွ ၀င်ရောက်ကောက်ခဲ့ကြပါတယ်။ မနက် ရ နာရီထိုးမှာ စုရပ် ၅ နေရာကနေ ရွှေတချောင်းလမ်း၊လမ်းမတော်လမ်း ပြည်ရန်ကုန်လမ်း ဗိုလ်ချုပ်လမ်း၊ န၀ဒေးလမ်း၊ ဘုရင်နောင်လမ်းတလျှောက် အဖွဲ့ ၅ ဖွဲ့ခွဲပြီး ကောက်ခဲ့ကြတာပါ။ အခုလိုလုပ်တာက နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ လမ်းညွန်ချက်နဲ့ ပြုလုပ်တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးအနှံ့ မြို့ကြီးတွေမှာ တနေ့တည်း တပြိုင်တည်း ပြုလုပ်တာလို့ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up