Home
မြန်မာသတင်း
ရေအားလျှပ်စစ်စက်ရုံ ၂ ခု ပြုပြင်ရန် ယန်း ၁၀ ဘီလီယံကျော်ချေးယူခွင့် လွှတ်တော်ကို တင်ပြ
နေဖြိုးဝင်း
·
February 4, 2017
ဘီလူးချောင်းအမှတ် ၁ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ဆည်တော်ကြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ခုကို အလုံးစုံပြုပြင်ရေးစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီကနေ ဂျပန်ယန်း ၁၀ ဒသမ ၇၈၇ ဘီလီယံ ချေးယူခွင့်ပြုဖို့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ် တော်မှာ တင်ပြခဲ့ပါတယ်။ ကယားပြည်နယ်ရှိ ဘီလူးချောင်းအမှတ် ၁ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ၁၉၈၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်တဲ့အတွက် စက်ရဲ့သက်တမ်းမှာ ၂၅ နှစ်အတွင်း အကြီးစားပြုပြင်ခဲ့တာမရှိဘူးလို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ဆိုပါတယ်။ ဒါ့အပြင် ဆည်တော်ကြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ချေးငွေနဲ့ ၁၉၈၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်တဲ့အတွက် စက်သက်တမ်းမှာ ၂၈ နှစ် အတွင်း အကြီးစားပြုပြင်တာမရှိခဲ့ဘူးလို့ ပြောပါတယ်။ ချေးငွေရဲ့ သက်တမ်းမှာ ပြန်ဆပ်ကာလ နှစ် ၃၀ ၊ ဆိုင်ငံ့ကာလ ၁၀ နှစ်၊ အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ နိုင်ငံတော်ရဲ့ ပြည်ပကြွေးမြီလက်ကျန်အခြေအနေမှာ ကျပ် ၁၀၆၅၃ ဒ သမ ၀၀၇ ဘီလီယံရှိပြီး ပြည်ပကြွေးမြီနဲ့ GDP အချိုးဟာ ၁၃ ဒသမ ၁ ရာခိုင်နှုန်းရှိတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024