အန်အယ်လ်ဒီ မန္တလေးတိုင်းရုံးတည်ဆောက်ရေး ရန်ပုံငွေ ဖျော်ဖြေပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံးတည်ဆောက်ဖို့အတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့က မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ Iron Cross တေးဂီတအဖွဲ့က လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်းနဲ့ အနုပညာရှင်တွေက သီဆို ဖျော်ဖြေပေးခဲ့ကြပါတယ်။ အလှူငွေလက်မှတ်တစ်စောင်ကို သုံးသောင်းကျပ်၊ နှစ်သောင်းကျပ်၊ ရှစ်ထောင်ကျပ်နဲ့ ရောင်းချခဲ့ပြီး စေတနာအလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ ကျပ်သိန်းပေါင်း ထောင်နဲ့ချီရရှိခဲ့ပါတယ်။ သတင်းဓာတ်ပုံ-အောင်အောင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up