DVB Logo
Home
မြန်မာသတင်း
ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့ ကျင်းပ
DVB
·
December 12, 2011
ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့ ကျင်းပ
1 / 2
Donate to DVB

ဒီကနေ့ ကျရောက်တဲ့ ကလေး​ ကူသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့​ကို ထိုင်း-မြန်မာ​ နယ်စပ် မဲဆောက်မြို့ မြန်မာရွှေ့ပြောင်း​ ​ကျောင်းတခုမှာ ပြုလုပ်ပြီး မြန်မာ့ဒီမိုကရေစီ​ ​ခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို​ မိန့်ခွန်းပေးပို့ ခဲ့ပါတယ်။

[caption id="attachment_18743" align="alignleft" width="310" caption="မဲဆောက်မြို့​​ ​စီဒီစီကျောင်းတွင်​ ​ကလေးများ ဖျော်ဖြေနေစဉ်​"][/caption]

ဒေါ်အောင်ဆန်းစုကြည်က “ကလေး​ရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့​ ဆိုတာ​ ​နေ့တိုင်း ဖြစ်သင့်ပါတယ်။ ဒီလိုကိစ္စမျိုးဟာ ကျမတို့​ ​နေ့တိုင်း​ ​နေ့တိုင်း ဆန့်ကျင်ရမှာပါ။ ဒါကြောင့်မို့လို့ အခုလို မြန်မာ-ထိုင်း​ နယ်စပ်မှာ အားလုံးကနေ ဝိုင်းဝန်းပြီးတော့ ဒီကိစ္စတွေအတွက်​ ​ဆောင်ရွက်ကြတာကို ကျမ အင်တန်မှပဲ​ ​လေးစားပါတယ်။ အင်မတန်မှလည်း ကျေးဇူးတင်ပါတယ်။ အင်မတန်မှလည်း အားပေးချင်ပါတယ်။ ကလေးသူငယ်များဆိုတာဟာ ကျမတို့ နိုင်ငံရဲ့ ကျမတို့ ကမ္ဘာကြီးရဲ့ အနာဂတ်တွေပါ။ ကိုယ့်အနာဂတ်ကို စောင့်ရှောက်တဲ့​ ​အ​နေနဲ့ ကလေးသူငယ်တွေကို​ ​စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ကလးသူငယ်တွေကို ကူးသန်း​ ​ရောင်းဝယ်ရေး လုပ်တယ် ကျမတို့ရဲ့ အနာဂတ်ကို ကုန်ကူးတယ်ဆိုတာ အင်မတန်မှ မလုပ်သင့်တဲ့ ကိစ္စပါပဲ။ ဒါဟာ လူသားမဆန်တဲ့အပြင် အင်မတန်မှာ ပညာမဲ့တဲ့ ကိစ္စ ဖြစ်ပါတယ်။ ကိုယ့်ရဲ့​ အနာဂတ်နဲ့ လောင်းကစား​ လုပ်နေသလိုပါပဲ။ ဒါကြောင့်မို့လို့ ဒီကလေးသူငယ်များ ကူးသန်းရောင်းဝယ်ရေး ကိစ္စဆိုတာ လုံးဝ လုံးဝကို ပပျောက်ဖို့ လိုပါတယ်။ အဲဒီလို ပပျောက်ရေးအတွက် ဆောင်ရွက်နေသူအားလုံးကို ကျမအနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေပြီးတော့ ကူညီချင်ပါတယ်၊ အားပေးချင်ပါတယ်၊ ဂုဏ်ပြုချင်ပါတယ်။” လို့ မိန့်ခွန်းမှာ ပြောကြားပါတယ်။

ကလေး​ ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့ကို စီဒီစီကျောင်းမှာ ပြုလုပ်ပြီး မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာ ကျောင်း ​၇၂ ကျောင်းက တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးအကြောင်း ဟောပြောပွဲအပြင် ပညာပေးပြခန်းတွေကိုလည်း ဖွင့်လှစ်ပြသပြီး ကလေး ကူးသန်းရောင်းဝယ်မှု​ ဆန့်ကျင်ရေး ပညာပေး ပြဇာတ်တွေကိုလည်း တင်ဆက်ခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံကလေးကူးသန်းရောင်းဝယ်မှု တားဆီးရေးအဖွဲ့ (Burma ACT) က  ဦးစီးကျင်းပတာ ဖြစ်ပါတယ်။

Burma ACT ရဲ့ တာဝန်ခံ ဒေါ်နန်းမူက နယ်စပ်ဒေသမှာ ကလေးငယ်တွေကို ရောင်စားမှုတွေ ပိုများလာနေပြီး အောက်တိုဘာကနေ ဒီဇင်ဘာအထိ ရောင်းစားခံရတဲ့ ကလေးအမှု ၁၂ မှု ရောက်လာကြောင်း ပြောပါတယ်။

“အရင်တုန်းကဆိုရင်တော့ မိန်းကလေးတွေပဲ ရောင်းစားတာလို့ သတင်းရထားတာပေါ့နော်။ နောက်ပိုင်းဆိုရင် မိန်းကလေးငယ်ရော ယောက်ျားလေး ငယ်ရော။ ကျမတို့ဆီကို ရောက်လာတာဆိုရင် အသက် ၃ လ ကနေပြီးတော့ အသက် ၁၆ နှစ်ဝန်းကျင်မှာ ပိုများတယ်။ အခု ဒီ ၃ လ အတွင်းမှာ ဆိုရင်တော့ ၁၂ မှုလောက် ကျမတို့ဆီ ရောက်လာတာပေါ့နော်။ မိခင်တဦးကနေ ပြီးတော့မှ သူက ကိုယ်ဝန်ဆောင်နေစဉ် အချိန် မှာပေါ့နော် ဒီကလေးကို သူရောင်းစားတာပေါ့။ အမှန်ကတော့ သူ့ကလေး မွေးလာရင် ကလေးကို ကျောင်းထားပေးမယ်၊ ပညာတွေ သင်ပေးမယ်၊ ကြီးပြင်းလာအောင် စောင့်ရှောက်ပေးမယ်ဆိုပြီး အဲဒီလို သူ့ကို လာပြောပြီးတော့ ပိုက်စံပေးထားတာပေါ့နော်။ ကလေးမွေးတဲ့အခါကျတော့ အဲဒီကလေးကို သူက ပေးလိုက်ရတယ်။ ပြီးရင် သူများက သူ့ကို ပိုက်ဆံပေးတာပေါ့။ အဓိကကတော့ မွေးစားမယ်ဆိုပြီးတော့ သူက ယုံကြည်လိုက်တဲ့အခါကျတော့ ပေးလိုက်တဲ့ သဘောပေါ့နော်။ ဒါပေမယ့် အဒါက ရောင်းစားမှု မြောက်တယ်ဆိုတာ သူတို့ မသိကြတော့ အဲဒီအမှု ပုံစံတွေလည်း ရှိတယ်။ တချို့ကျတော့ ဘန်ကောက်ကို ခေါ်သွားပေးမယ်၊ အလုပ်ကောင်းတွေ ရှာပေးမယ် ဆိုပြီး လူတွေက လာခေါ်သွားတယ် ပြီးရင် တကယ့်တကယ်ကျတော့ ဘန်ကောက်အထိ မရောက်ဘဲနဲ့ လမ်းခုလပ်မှာ သူတို့ ဖျက်ဆီးလိုက်တယ်၊ ပြီးရင် ရောင်းစားလိုက်တာပေါ့နော်။”

ကလေးသူငယ်တွေ ရောင်းစားခံရတဲ့ အဓိက အကြောင်းအရင်းဟာ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ စီးပွားရေး မပြေလည်မှုကြောင့်လို့ ဆိုပါတယ်။

အမျိုးသမီးနဲ့ ကလေးတွေအပေါ် လူကုန်ကူးမှုတွေကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပြီး နိုင်ငံတွေက ပူးပေါင်းတိုက်ဖျက်ဖို့ တာဝန်ပေးထားတဲ့ ပါလာမိုစာချုပ် အသက်ဝင်လာတဲ့နေ့ကို အစွဲပြုပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ကို ကလေး ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးနေ့လို့ သတ်မှတ်ခဲ့တာပါ။

ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် နိုင်ငံတွေမှာလည်း ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်ရေးအတွက် လှုံ့ဆော်တဲ့ အခမ်းအနားတွေကို ဒီနေ့ ကျင်းပကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013