DVB Logo
Home
မြန်မာသတင်း
ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲရက်ရွှေ့
DVB
·
December 12, 2011
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်မယ့် ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ရက်ရွှေ့လိုက်တဲ့အကြောင်း ဂီတဖျော်ဖြေပွဲကျင်းပရေး ကော်မတီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မူလကြေညာထားတဲ့ ဒီဇင်ဘာ ၁၅ ရက်အစား ဒီဇင်ဘာနောက်ဆုံးပတ်ကို ရွှေ့ဆိုင်းလိုက်တဲ့အကြောင်းနဲ့ ကျင်းပမယ့် ရက်အတိအကျကိုတော့ ထပ်မံထုတ်ပြန်ကြေညာမယ်လို့ ကျင်းပရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂီတပွဲကျင်းပဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့တဲ့အကြောင်းနဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာတော့ သုဝဏ္ဏအားကစားရုံတာဝန်ခံက ၁၆ ရက်မှာ အမျိုးသမီးအားကစားပွဲတခုနဲ့ ရက်တိုက်နေလို့ ခွင့်မပြုနိုင်ဘူးလို့ အကြောင်းကြားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမျိုးသမီးအားကစားပွဲရှိတယ် ဆိုတဲ့ရက်နဲ့ ဂီတပွဲကျင်းပမယ့်ရက် မတိုက်တာကြောင့် ခုလိုပြန်ကြားလာတာဟာ အကျိုးအကြောင်း ဆီလျော်မှုမရှိဘူးလို့ ကျင်းပရေးကော်မတီ အတွင်းရေးမှူး ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ဂီတဖျော်ဖြေပွဲ မလုပ်စေလိုတာနဲ့ အနှောင့်အယှက်ပေးတဲ့ သဘောမျိုး လုပ်တာရော မဖြစ်နိုင်ဘူးလားလို့မေးတော့ ကိုဖြိုးမင်းသိမ်းက အခုလို ပြောပါတယ်။

“ကျနော်ထင်တာတော့ ပြောင်းလဲလာတဲ့ အခြေအနေသစ်ပေါ်မှာ ကွင်းဆက်တွေပျောက်နေတဲ့အတွက် တချို့တနေရာနဲ့ တနေရာ ချိန်တွဲမှုမှာ အားနည်းနေလို့ လို့ပဲ ကျနော် အကောင်းဘက်က ရှုမြင်ပါတယ်။ ဒီပွဲဖြစ်မြောက်ရေးကိုတော့ အတတ်နိုင်ဆုံး ညှိနှိုင်းပြီးတော့ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ လုပ်သွားမှာပါ။”

သက်ဆိုင်ရာ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အပတ်စဉ် ကြာသာပတေးနေ့တိုင်း ဖျော်ဖြေပွဲကျင်းပဖို့ ပွဲမိန့်ချထားပေးရေး အစည်းအဝေး ကျင်းပလေ့ရှိတဲ့အကြောင်းနဲ့ အဲ့ဒီနေ့မှာ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြုလုပ်မယ့် ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲမှာ လက်ရှိ ဂီတလောကသား ကိုးဆယ်ရာခိုင်နှုန်းကျော် ပါဝင်ဖျော်ဖြေတင်ဆက်ဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013