DVB Logo
Home
မြန်မာသတင်း
ထား​ဝယ်ခရိုင်တွင် ​ကေအန်ယူနှင့်​ အစိုး​ရတပ် တိုက်ပွဲဖြစ်
DVB
·
December 12, 2011
ထား​ဝယ်ခရိုင်တွင် ​ကေအန်ယူနှင့်​ အစိုး​ရတပ် တိုက်ပွဲဖြစ်
Donate to DVB

မြန်မာအစိုး​ရနဲ့​ ​ကေအန်ယူတို့​အပစ်ရပ်​ရေး​ ​ဆွေး​နွေး​နေ​ပေမယ့်​ ထား​ဝယ်ခရိုင်မှာ တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေပါတယ်။

အစိုး​ရတပ် စစ်ကွပ်ကဲ​ရေး​ဋ္ဌာနချုပ် စကခ ၈ လက်​အောက်ခံ ခမရ ၄၀၉ နဲ့​ ထား​ဝယ်ခရိုင် ​ကေအန်ယူ (ကရင်အမျိုး​သား​အစည်း​အရုံး​) တပ်မဟာ ၄ နယ်​မြေမှာ ဒီဇင်ဘာ ၆ ရက်​နေ့​က တိုက်ပွဲ​တွေ ဖြစ်ပွား​နေတာပါ။

ကေအန်ယူ တပ်မဟာ ၄ ​ပြောခွင့်​ရသူတဦး​က “တိုက်ပွဲဖြစ်တာက ကျ​နော်တို့​ထား​ဝယ်ခရိုင် ​မေတ္တာမြို့​နယ်တွင်း​မှာ။ ဖြစ်တာက ၁၀ မိနစ်​လောက်ပဲကြာတယ်။ မိုင်း​ခွဲပြီး​ ၁၀ မိနစ်​လောက် ပစ်ကြတာ​ပေါ့​။ ရန်သူက​တော့​ တပ်သား​ ၁ ဦး​ရယ်၊​ တပ်ကြပ် ၂ ဦး​ ဒဏ်ရာရတယ်။ ​သေတာ​တော့​ ကျ​နော်တို့​မသိရဘူး​”လို့​ ​ပြောပါတယ်။

ခမရ ၄၀၉ တပ်ရင်း​က တိုက်ပွဲမှာ ဒဏ်ရာရစစ်သား​တွေကို ထီး​ထာစခန်း​ကို ပို့​ဖို့​ ​ဒေသခံရွာသား​တွေကို ​ပေါ်တာဆွဲတဲ့​အပြင် ရွာအပြင်မှာရှိတဲ့​ ​တောင်ယာ​တွေကို မသွား​ဖို့​ အမိန့်​ထုတ်ထား​တယ်လို့​ ​ကေအန်ယူက ​ပြောပါတယ်။

အစိုး​ရက ငြိမ်း​ချမ်း​ရေး​စကား​ကမ်း​လှမ်း​နေတဲ့​ တချိန်တည်း​မှာ စစ်တပ်​တွေကို အင်အား​တိုး​ချဲ့​နေတာဖြစ်​ကြောင်း​ တပ်မဟာ ၄ ​ပြောခွင့်​ရသူက ဆိုပါတယ်။

“အ​ပေါ်က ငြိမ်း​ချမ်း​ရေး​ဆိုပြီး​ ​အောက်မှာ တပ်​တွေတအား​တိုး​နေတယ်။ အစတုန်း​က ဒီနယ်​မြေမှာ တပ်ရင်း​ ၂ ရင်း​တည်း​ရှိတာ၊​ အခု ၃ ရင်း​ထပ်တိုး​လာ​တော့​ ၅ ရင်း​ ဖြစ်သွား​တာ​ပေါ့​။ ​အောက်မှာ တပ်​တွေက တအား​တိုး​တော့​ ကျ​နော်တို့​ဘက်ကလည်း​ ကိုယ့်​နယ်​မြေထဲဝင်လာ​တော့​ ကိုယ်ကချရမှာ​ပေါ့​။"

နိုဝင်ဘာ ၂၀ ရက်​နေ့​က ​ကေအန်ယူနဲ့​ မြန်မာအစိုး​ရ အထူး​ကိုယ်စား​လှယ်​တွေ ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ ချင်း​ဂရိုင်း​ခရိုင်မှာ အပစ်ရပ်​ရေး​ဆွေး​နွေး​ပြီး​နောက်ပိုင်း​ နိုဝင်ဘာ ၂၃ ရက်​နေ့​ကလည်း​ ကရင်ပြည်နယ် ကြာအင်း​ဆိပ်ကြီး​မြို့​နယ်ထဲက ဘုရား​ ၃ ဆူမြို့​နယ်ခွဲမှာ ​ကေအန်ယူ တပ်မဟာ ၆ တပ်ရင်း​ ၁၆ နဲ့​ဘုရား​သုံး​ဆူမြို့​အ​ခြေစိုက် ခမရ ၅၄၃ တပ်ရင်း​ တိုက်ပွဲဖြစ်ပြီး​ အစိုး​ရစစ်သား​ ၆ ဦး​ ကျဆုံး​ခဲ့​တယ်လို့​ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013