ပဲခူးတိုင်းတွင် ‘ကမ္ဘာ့ရေဝပ်ဒေသများနေ့’ အခမ်းအနား ကျင်းပ

၂၀၁၇ ခုနှစ် 'ကမ္ဘာ့ရေဝပ်ဒေသများနေ့' အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်းမှာ ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းကစပြီး ကျင်းပနေပါတယ်။ ဖေဖော်ဝါရီ  ၂ ရက်နေ့ဟာ 'ကမ္ဘာ့ရေတိမ်ဒေသနေ့' ဖြစ်ပြီး မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်ကတည်းက ကျင်းပလာတာပါ။ ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ 'သဘာဝဘေးဒဏ်လျော့ချရေး ရေဝပ်ဒေသများမှ ဆောင်ရွက်ပေး' ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်အရေးပါတဲ့ ရေဝပ်ဒေသတွေအဖြစ် မိုးယွန်းကြီးအင်း၊ အင်းတော်ကြီးအိုင်တို့ကို သတ်မှတ်ထားပြီး ၂၀၁၇ ခုနှစ်မှာ မိန်းမလှကျွန်းကို ရေတိမ်ဒေသအဖြစ် ရမ်ဆာကွန်ဗန်းရှင်းကနေ အတည်ပြု သတ်မှတ်ပေးလိုက်ပါတယ်။ ရေတိမ်ဒေသတွေဟာ ငှက်တွေအတွက် အစာရေစာ ဖန်တီးပေးတာ ရာသီဥတု ပြောင်းလဲမှု လျော့ချရေးအတွက် အထောက်အကူပြုပေမယ့်လည်း ငါးနဲ့ ငှက် အလွန်အကျွံဖမ်းဆီးတာ၊ စိုက်ခင်းတိုးချဲ့မူတွေကြောင့် ခြိမ်းခြောက်ခံနေရတယ်လို့ ရေတိမ်ဒေသ လေ့လာတဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up