Home
မြန်မာသတင်း
မြိတ်ရိုးရာ ဒေသလက်လုပ်မုန့်လုပ်ကိုင်သူ နည်းပါး၍ အမျိုးပေါင်း ၂၀ ကျော် ပျောက်ကွယ်
DVB
·
February 2, 2017
မြိတ်ရိုးရာ ဒေသလက်လုပ်မုန့် အမျိုးပေါင်း ၁၀၀ ကျော်အနက် လက်ရှိတွင် အမျိုးပေါင်း ၂၀ ကျော်ဟာ လုပ်ကိုင်သူနည်းပါးခြင်းနဲ့ လေ့လာသင်ယူသူ မရှိခြင်းကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ရိုးရာမုန့်များ လုပ်ကိုင်ရောင်းချသူများထံမှ သိရတယ်။ “မြိတ်ရိုးရာ ဒေသလက်လုပ်မုန့်တွေက ကုန်ကြမ်းတွေ ပေါသလောက် တချို့က လုပ်ရတာလွယ်သလို တချို့က အချိန်ကြာပြီး လုပ်ရခက်တဲ့ မုန့်တွေလည်းရှိပါတယ်။ လုပ်ကိုင်သူ နည်းပါးတာရယ်၊ သားသမီးတွေက လေ့လာသင်ယူမှု မရှိတာရယ်ကြောင့် ပျောက်ကွယ်သွားတာ ဖြစ်ပါတယ်။ ပျောက်ကွယ်နေတဲ့ ရိုးရာ ဒေသလက်လုပ်မုန့် ၂၀ ကျော်ထဲက တချို့ဆိုရင် မုန့်အမည်တောင် ပျောက်နေတာ ရှိသေးတယ်။ အဒေါ်ကတော့ အမျိုးပေါင်း ၂၀ ထဲက တချို့ မှတ်မိသလောက်ကတော့ ရှမ်းကတောင်ကြိုက်မုန့်၊ မုန့်ခေါင်းဖြီး၊ ထုံးမုန့်၊ ပျော့မုန့်၊ ကိုယ့်ရွှေကိုင်းမုန့်၊ မုန့်ကြာရိုး၊ ဆူးလုဖင်ထုပ်မုန့်နဲ့ မုန့်ကြက်ခြေတွေလောက်ပဲ မှတ်မိတော့တယ်” လို့ လက်ရှိ မြိတ်ရိုးရာ ရှေးဟောင်းမုန့် နှစ်မျိုးကို မြစ်ငယ်ဈေးတွင် လက်လုပ်မုန့်ရောင်းချနေသူ ဒေါ်ပိုစီ (ခ) ဒေါ်ကြည်က ရှင်းပြပါတယ်။ မြိတ်မြို့မှာ ရောင်းချနေတဲ့ လက်လုပ်မုန့် အမျိုးပေါင်း ၈၀ ကျော်လောက် ကျန်ရှိသေးကြောင်း၊ ပျောက်ကွယ်နေတဲ့ အမျိုးပေါင်း ၂၀ ကျော်အနက် လက်ရှိတွင် မုန့်ခေါင်းဖြီးနဲ့ ထုံးမုန့်နှစ်မျိုးကို ပြန်လည်ပြုလုပ် ရောင်းချနေခြင်း ဖြစ်ပါတယ်။ သတင်း - ဇော်ဇော်(မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024