Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဒု-ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးမည်
DVB
·
February 2, 2017
ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ထိုင်းဒုတိယဝန်ကြီးချုပ် ဆွန်ကစ် ဦးဆောင်တဲ့ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်တွေမှာ မြန်မာနိုင်ငံ သွားရောက်ပြီး ဆွေးနွေးသွားမယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ဆွန်ကစ် ဂျာတူဆီရိ ပီတက်ခ်က ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းစီးပွားရေးဆိုင်ရာ အုပ်စုထဲမှာ ပီတီတီကုမ္ပဏီအုပ်စု၊ ဆီယမ်ဘိလပ်မြေလုပ်ငန်းစု (အက်စ်စီဂျီ) နဲ့ စီကေလုပ်ငန်းစု စတဲ့ ကုမ္ပဏီကြီးတွေ ပါဝင်မှာဖြစ်ပြီး မြန်မာအစိုးရဘက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးသွားကြမယ်လို့ ထိုင်းစက်မှုဝန်ကြီး အော့တ်မာ ဆာဝါနရာနာက ပြောပါတယ်။ ဒီတွေ့ဆုံမှုမှာ ထိုင်းနိုင်ငံ စက်မှုဇုန်အာဏာပိုင်အဖွဲ့ (အိုင်အီးအေတီ) ကလည်း ပါဝင်မှာဖြစ်ပြီး နိုင်ငံပြင်ပမှာ ဖွံ့ဖြိုးတိုးတက်မှုရရှိစေဖို့ တချို့ဥပဒေတွေကို ပြင်ဆင်ပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ စနစ်သစ်နဲ့အတူ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ထိုင်းနိုင်ငံဘက်ကလည်း ကျွမ်းကျင်ပညာရှင်တွေရဲ့ အဓိကအခန်းကဏ္ဍတွေနဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ စက်မှုလက်မှုလုပ်ငန်းများ ဖက်ဒရေးရှင်းနဲ့ စီးပွားရေး၊ စက်မှုနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပူးတွဲ အမြဲတမ်းကော်မတီကလည်း အနာဂတ်ကာလ ဖွံ့ဖြိုးတိုးတက်လာမယ့် မြန်မာ့စီးပွားရေးမှာ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံကြမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024