Live
Home
မြန်မာသတင်း
ရဲကားနှင့်​ အတိုင်​ပင်​ခံ ဝန်​ကြီးဌာနရုံးကား တိုက်မိ
DVB
·
February 1, 2017
နေပြည်တော်မှာ ဒုတပ်ကြပ် မောင်းနှင်လာတဲ့ Grand Tiger ကားနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ရုံးကား (HIACE) တို့ ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီလောက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိုက်မှုက Grand Tiger ကားဟာ ဧရာဝတီလမ်းဘက်မှ ရာဇသင်္ဂဟ လမ်းပေါ်ကို မောင်းတက်လာစဉ် ရာဇသင်္ဂဟလမ်း အတိုင်း သပြေကုန်းအ၀ိုင်းဘက်ကို မောင်းနှင်လာတဲ့ HIACE ကားတို့ ရာဇသင်္ဂဟလမ်းနဲ့ ဧရာဝတီလမ်းဆုံ၊ ကျောက်မျက်ခန်းမအနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။ Grand Tiger ကားပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ HIACE ကားပေါ်မှာ ၆ ဦးတို့ စီးနင်း လိုက်ပါလာကြတာပါ။ ယာဉ်တိုက်မှုကြောင့် Grand Tiger ကားပေါ်ပါလာတဲ့ အမှတ် (၁၇) ရဲတပ်ဖွဲ့စခန်းက တပ်ဖွဲ့ခွဲမှူး၊ ဒုရဲမှူးကြီး အောင်ထိန်လင်းမှာ ၀ဲချိုစောင်းပေါက်ပြဲဒဏ်ရာ၊ ရင်ဘက်အောင့်ဒဏ်ရာ (မစိုးရိမ်ရ) နဲ့ HIACE ကားပေါ်ပါလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်ခင်ဌေးမှာ ပေါက်ပြဲဒဏ်ရာအချို့နဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။ ယာဉ်တိုက်မှုကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှ ယာဉ်မှုစစ် ရဲအုပ်ဆန်းဝင်းက စစ်ဆေးနေတယ်လို့ သိရပါတယ်။ အောင်ကိုကိုလတ်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024