ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ်ကလပ်များ ပေါင် ၂၁၅ သန်း အသုံးပြုခဲ့

ဓာတ်ပုံ - ဘီဘီစီ
1.3K
ပရီးမီးယားလိဂ် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်ကို ဇန်နဝါရီ ၃၁ ရက်က ပိတ်သိမ်းခဲ့ပြီး အပြောင်းအရွှေ့စုစုပေါင်း ပေါင် ၂၁၅ သန်း အသုံးပြုခဲ့ကြပါတယ်။
ဒီပမာဏဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အများဆုံး ငွေကြေးအသုံးပြုခဲ့တာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ နွေရာသီ အပြောင်းအရွှေ့နဲ့ ဇန်နဝါရီ အပြောင်းအရွှေ့လို့ ခေါ်ကြတဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ စုစုပေါင်းမှာတော့ ပေါင် ၁ ဒသမ ၃၈ ဘီလီယံအထိ အသုံးပြုပြီး ကစားသမားတွေ ခေါ်ယူခဲ့ကြတာပါ။
အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီ ၃၁ ရက်မှာလည်း ကစားသမား အပြောင်းအရွှေ့တွေ များပြားခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းက နာပိုလီတိုက်စစ်မှူး ဂါဘီယာဒီနီကို ပေါင် ၁၄ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဘန်လေအသင်းကလည်း နောဝစ်ခ်ျက ဘရက်ဒီကို ပေါင် ၁၃ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်အသင်းက လီဗာပူးနောက်ခံလူ ဆာခို၊ ဆွမ်ဆီးအသင်းက အက်စတွန်ဗီလာ ကစားသမား ဂျော်ဒန်အာယူးတို့ကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခေါ်ယူခဲ့ကြပါတယ်။
ပရီးမီးယားလိဂ် အသင်းတွေထဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ငွေအများဆုံး အသုံးပြုခဲ့ပြီး စုစုပေါင်းပေါင် ၄၈ သန်း ရှိခဲ့ပါတယ်။
ဥရောပလိဂ်တွေထဲမှာလည်း အင်္ဂလန် ပရီးမီးယားလိဂ်ကပဲ ငွေအများဆုံး အသုံးပြုတဲ့လိဂ် ဖြစ်ခဲ့ပါတယ်။