DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ် သင်္ကေတ ပြောင်းပြီ – ခမောက်မှ ‘ခွပ်ဒေါင်း-ကြယ်’သို့
DVB
·
December 11, 2011
အဖွဲ့ချုပ် သင်္ကေတ ပြောင်းပြီ – ခမောက်မှ ‘ခွပ်ဒေါင်း-ကြယ်’သို့
Donate to DVB

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီသင်္ကေတ အမှတ်အသားကို ခမောက်တံဆိပ်ကနေ ‘ခွပ်ဒေါင်း-ကြယ်’အဖြစ် ပြောင်းလဲကြောင်း တရားဝင် ကြေညာလိုက်ပါပြီ။

[caption id="attachment_18722" align="alignleft" width="310" caption="​ကြေး​မုံ​သ​တင်း​စာ​ပါ​ ​ကြော်​ငြာ"][/caption]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ်​ ​ရွေးကောက်ပွဲဝင်တုန်းက​ သုံးခဲ့တဲ့ ခမောက် သင်္ကေတကို မသုံးတော့ဘဲ သင်္ကေတအသစ်ကို သုံးတော့မယ့်အကြောင်း တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာမှာ ထုတ်​ဖော်ကြေညာလိုက်တာ​ ​ဖြစ်ပါတယ်။

အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကို ဆက်သွယ်​ ​မေးမြန်းတဲ့အခါ ခုလို ရှင်းပြပါတယ်။

“ကျနော်တို့က ခမောက်မထားတော့ဘူး။ အနီရောင်​နောက်ခံမှာ​ ​ကြယ်ဖြူတလုံး၊ ရွှေရောင်ခွပ်ဒေါင်းပုံရယ်ပေါ့။ ကျနော်တို့ပါတီက ရင်ထိုးပေါ့ဗျာ အလံအတိုင်းပါပဲ။ အဲဒီမှာ ထူးတာက အောက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ စာတမ်းတခုပါတယ်။ ဒါဟာ မှတ်ပုံတင်တဲ့အခါမှာ တင်မယ်ဆိုပြီး ကြေညာထားတာ။ ကျနော်တို့ပါတီက အဲဒါ ဖြစ်ပါတယ်လို့ ကြေညာလို့ မရသေးဘူးဗျ။ ဆိုတာက ကျနော်တို့ပါတီက မှတ်ပုံတင်လို့ မရသေးဘူး။ ပါတီအလံနဲ့ ဆိုင်းဘုတ်က လက်ရှိအတိုင်းပဲ ဆက်သွားမယ်။ ခမောက်ကိုလည်း ဆက်မသုံးတော့ဘူး။ ကျနော်တို့ ပါတီနဲ့ ခမောက်နဲ့လည်း မပတ်သက်တော့ဘူး ဆိုတာလည်း သတင်းစာမှာလည်း ကြေညာလိုက်ပါပြီ။”

အဖွဲ့ချုပ်က ခုလို ကြေညာလိုက်ပြီ ဖြစ်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ကတော့ အဖွဲ့ချုပ်ရဲ့ ပါတီတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ခုထိ မထုတ်ပြန်သေးပါဘူး။

ဒါ့အပြင် ရွေးကောက်ပွဲဘယ်တော့လုပ်မယ်၊ ဘယ်နှနေရာ လစ်လပ်တယ် ဆိုတာကိုတော့ တရားဝင် မကြေညာသေးပါဘူး။ မီဒီယာတွေမှာ ဖော်ပြနေတာက လစ်လပ်နေရာ ၄၈ လို့ ဆိုပါတယ်။ အဖွဲ့ချုပ်ရဲ့ လေ့လာတွေ့ရှိချက်အရတော့ ၄၉ နေရာ လစ်လပ်နေတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

လစ်လပ်နေရာ အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက အဖွဲ့ချုပ်နဲ့ ခမောက်ကို ခွဲမရအောင်၊ တွဲမြင်နေ အောင် မဲဆွယ်စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အဖွဲ့ချုပ်က မ၀င်ဖို့ ဆုံးဖြတ်ပြီးနောက်မှာ အဖွဲ့ချုပ်ကနေ ခွဲထွက်သွားသူတချို့က အမျိုးသားဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်)ပါတီ ထောင်တဲ့အခါ ခမောက်တံဆိပ်ကို သင်္ကေတ (logo) အဖြစ် တင်ပြလိုက်ပါတယ်။ ဒါကို အဖွဲ့ချုပ်က ကန့်ကွက်ပေမယ့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။ အခုတော့ ခမောက်ဟာ အဖွဲ့ချုပ်နဲ့ မပတ်သက်တော့ဘဲ အဖွဲ့ချုပ် ပါတီသင်္ကေတဟာ ခွပ်ဒေါင်း-ကြယ်ဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်အစိုးလက်ထက် ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ကို လက်မခံဘဲ သပိတ်မှောက်ခဲ့ပါတယ်။

အခု အစိုးရသစ် လက်ထက်မှာ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရခေါင်းဆောင်တွေ တွေ့ဆုံပြီး အစိုးရဘက်က ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်ပေးလိုက်ပြီးနောက်မှာ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ အဖွဲ့ချုပ်ဗဟိုမှာ​ ​ရွေးကောက်ပွဲ​ ​အောင်နိုင်ရေး​ ​ကော်မတီ​ ဖွဲ့ထားပြီ ဖြစ်ပါတယ်။

“ဗဟိုမှာ အောင်နိုင်ရေး ကော်မတီ ဖွဲ့လိုက်တယ်။ ပြည်နယ်တိုင်းနဲ့ မြို့နယ်တွေမှာ လစ်လပ်တဲ့နေရာတွေမှာ အောင်နိုင်ရေး လုပ်နိုင်ဖို့ အောင်နိုင်ရေး ကော်မတီတွေဖွဲ့ဖို့ ညွှန်ကြားချက်တွေ ထုတ်ထားတယ်၊ လူအင်အားစာရင်းတွေ တောင်းထားတယ်။”လို့​​ ဦး​အုန်း​​ကြိုင်​က​ ​ပြော​ပါ​တယ်​။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013