တိုက်စစ်မှူး အဒီဘာယော တူရကီကလပ်သို့ ပြောင်းရွှေ့

ဓာတ်ပုံ - Getty Images
တိုက်စစ်မှူး အဒီဘာယောဟာ တူရကီကလပ် အစ္စတန်ဘူ ဘာဆက်စီဟာအသင်းကို ၁၈ လ စာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြခြင်း မရှိပါဘူး။ အာဆင်နယ်၊ မန်စီးတီးနဲ့ စပါးအသင်း တိုက်စစ်မှူးဟောင်းဖြစ်တဲ့ အဒီဘာယောဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စွန့်ခွာသွားတာ ဖြစ်ပါတယ်။ သူဟာ တိုဂိုလက်ရွေးစင် တိုက်စစ်မှူးဖြစ်ပြီး အာဖရိကဖလားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး အဘီဘာယော ပြောင်းရွှေ့သွားတဲ့ အစ္စတန်ဘူ ဘာဆက်စီဟာအသင်းဟာ လောလောဆယ် တူရကီ အမှတ်ပေးလိဂ်ရဲ့ ဒုတိယနေရာမှာ  ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up