မိုးညှင်းတွင် လက်လုပ်မိုင်းတလုံး တွေ့ရှိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် လွယ်ခမ်းတောင် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ဇန်န၀ါရီ ၃၁ ရက်နေ့ ညနေပိုင်းက လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ပါတယ်။ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာနဲ့ မော်ဟန်ကျေးရွာကြား လွဲခမ်းတောင်ပေါ် ရွှေဘိုမြစ်ကြီးနားပြည် ထောင်စုလမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၃၁ နေ့ ညနေ ၅ နာရီ ၄၀ မှာ လက်လုပ်မိုင်းတလုံးကို လမ်းတံတားဆောက်လုပ်ရေးအဖွဲ့က တွေ့ရှိခဲ့တာလို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။ မိုင်းတွေ့ရှိရာ နေရာကို နယ်မြေခံ တကရ (၆၀၀၇) တပ်ရင်းက တာဝန်ရှိသူတွေနဲ့  မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေက တာဝန်ရှိသူတွေက မိုင်းအန္တရာယ် အချိန်မီရှင်းလင်းနိုင်ရေး ဆောင်ရွက်နေမှုကြောင့် အတက်အဆင်းကားကြီး အစီး ၁၀၀ လောက် ခရီးသွားလာမှု ယာယီရပ်ဆိုင်းထားခဲ့ရပါတယ် ။ မိုးကောင်းမြို့ BE တပ် မိုင်းရှင်းလင်းရေးအဖွဲ့ စစ်မြေပြင် အဂျင်နီယာအဖွဲက အဆိုပါမိုင်းကို ရှင်းလင်းဖယ်ရှားခဲ့ပြီး ည ၁၁ နာရီ ၄၀ မိနစ်လောက် အန္တရာယ်ကင်းစွာ ကားလမ်းပွင့်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ - မုန်းမုန်းမင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up