Home
မြန်မာသတင်း
ကိုနေ၀င်း မိသားစုကို သမ္မတနှင့်ဇနီးဖြစ်သူက လစာငွေထဲမှ ၆ သိန်း ထောက်ပံ့
ကျော်ဇေယျာဝင်း
·
February 1, 2017
16426206_1286609368068247_4802586222103459540_n
16388086_1286609364734914_2627849828182767341_n
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့က လုပ်ခလစာငွေထဲကနေ ငွေကျပ် ၆ သိန်းကို တက္ကစီယာဉ်မောင်း ကိုနေ၀င်းနဲ့ မိသားစုကို ထောက်ပံ့ငွေအဖြစ် မနေ့က ပေးအပ်ခဲ့ပါတယ်။ အငှားယာဉ်မောင်း ကိုနေ၀င်းဟာ အန်အယ်လ်ဒီရဲ့ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံခံတဲ့ သေနတ်သမားကို ဖမ်းဆီးမိဖို့ လုပ်ဆောင်ရင် အသက်ပေးခဲ့ရတာ ဖြစ်ပါတယ်။ သမ္မတနဲ့ ဇနီးတို့က ကိုနေ၀င်းရဲ့ ကျန်ရစ်သူ သား ၃ ယောက်အတွက် တယောက်ကို ကျပ် ၂ သိန်းစီ ပညာရေး ထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့ပါတယ်။ 16426206_1286609368068247_4802586222103459540_nထောက်ပံ့ငွေတွေကို နိုင်ငံတော်သမ္မတနဲ့ ဇနီးတို ကိုယ်စား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးအောင်နိုင်က သွားရောက်ပေးအပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024