ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူ သတင်းသိရင် ဆက်သွယ်ရန် ဖုန်းနံပါတ်များ ရဲ ထုတ်ပြန်
DVB
·
January 31, 2017
ရှေ့နေဦးကိုနီနဲ့ တက္ကစီယာဉ်မောင် ဥိးနေ၀င်တို့ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်လို့ ပြစ်မှုကျုးလွန်သူတွေ သတင်းသိရှိရင် ရဲတပ်ဖွဲ့ကို ဆက်သွယ်ပါဆိုပြီး ပြည်နယ်တိုင်းအသီးသီးက ရဲဖုန်းတွေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြစ်မှုကျုးလွန်သူ ကြည်လင်းကို အသေးစိတ်စစ်ကြောနေပြီး ကွင်းဆက်ဖော်ထုတ်နေတယ်လို့လည်း ရဲသတင်းမှာ ဖော်ပြထားပါတယ်။